ကွမ်းခြံကုန်း ဩဂုတ် ၂၅
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်တောင်ပိုင်းခရိုင်၊ ကွမ်းခြံကုန်းမြို့နယ်၌ ကျောင်းသား၊ကျောင်းသူများ စာပေကိုပိုမိုဖတ်ရှုနိုင်စေရန်၊ စာပေနှင့်ရင်းနှီးကျွမ်းဝင်မှု ရှိစေရန်နှင့် စာပေမှရရှိသည့် ဗဟုသုတများစွာရရှိနိုင်စေရန်ရည်ရွယ်၍ စာဖတ်ရှိန်မြှင့်တင်ရေး ဟောပြောပွဲ၊ နံရံကပ် စာစောင်ပြပွဲများကို ယမန်နေ့နံနက် (၁၀)နာရီအချိန်က ကွမ်းခြံကုန်းမြို့ အ.ထ.က(၂)ကျောင်း ခန်းမတွင်ကျင်းပခဲ့သည်။
အဆိုပါဟောပြောပွဲတွင် ကွမ်းခြံကုန်းမြို့နယ်၊ အ.ထ.က(၂)ကျောင်းအုပ် ဆရာမကြီး ဒေါ်စန်းစန်းအေးက အမှာစကားပြောကြားပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်နန့်ဆွေနွယ်ဦး က စာဖတ်ရှိန်မြှင့်တင်ရေးအတွက် စာဖတ်ခြင်း၏အကျိုးကျေးဇူးနှင့် လူငယ်နှင့်အကျင့်စာရိတ္တအကြောင်းအရာတို့ကို အသိပညာပေးဟောပြောဆွေးနွေးခဲ့သည်။
ထို့နောက် ကျောင်းသား၊ကျောင်းသူများအား စာဖတ်ရှိန်မြှင့်တင်ရေးအတွက် စာအုပ်စာစောင်များ ဖတ်ရူလေ့လာခြင်းနှင့်ပြသထားသော မူးယစ်ဆေးဝါးအန္တရယ် အသိပညာပေးနံရံကပ်စာစောင် လူကုန်ကူးမူဆိုင်ရာသိကောင်းစရာ နံရံကပ်စာစောင်များ၊ မိုးရာသီတွင်ဖြစ်ပေါ်လာမည့် ဆိုက်ကလုန်းမုန်တိုင်းနှင့် သဘာဝဘေးအန္တရာယ်ကူညီကယ်ဆယ်ရေး နံရပ်ကပ်စာစောင်များ၊ မျောက်ကျောက် (Monkeypox)ရောဂါဆိုင်ရာ နံရံကပ်စာစောင်များ ပြသထားရာကျောင်းသား၊ ကျောင်းသူများမှ စိတ်ပါဝင်စားစွာ လေ့လာကြည့်ရှုကြကြောင်း သိရသည်။
ဆွေနွယ်(IPRD)