ကျောက်တံခါးမြို့နယ်တွင် သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်

ကျောက်တံခါး   သြဂုတ် ၂၅

ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ကျောက်တံခါးမြို့နယ်တွင် သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောပွဲကို ယမန်နေ့က ပဲနွယ်ကုန်းမြို့ အခြေခံပညာအထက်တန်း (ပဲနွယ်ကုန်း)ကျောင်း ပညာတံခွန်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါ ဟောပြောပွဲတွင်  ကျောက်တံခါးမြို့နယ်၊ ပဲနွယ်ကုန်းမြို့အုပ်ချုပ်ရေးမှုး ဦးရဲသွေးညီညီက အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်ပညာရေးမှုးကိုယ်စား ဦးစီးအရာရှိ ဒေါ်ကြူကြူ က အမှာစကားပြောကြားသည်။

ဆက်လက်၍ မြို့နယ်မီးသတ်ဦးစီးမှုး ဦးထွန်းမင်းလတ် မီးဘေးအန္တရာယ်အကြောင်း၊ မြို့နယ်ကြက်ခြေနီတပ်ဖွဲ့မှုး ဦးဆန်းလွင် က သဘာဝဘေး အမျိုးမျိုးတို့တွင် ကြက်ခြေနီတပ်ဖွဲ့ဝင်များက ဝိုင်းဝန်းကူညီဆောင်ရွက်ပေးသော စေတနာ့ဝန်ထမ်းများဖြစ်ပြီး သဘာဝဘေးကြောင့်ဆုံးရှုံးနင့်နာမှုများအတွက် မိမိတို့ ကြက်ခြေနီတပ်ဖွဲ့အနေဖြင့် ထောက်ပံ့ကူညီမှုများနှင့် အသက်ကယ်နည်း လက်တွေ့သရုပ်ပြခြင်း၊ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးအရာရှိ ဒေါ်စန်းတင့်က ကျောင်းသားကျောင်းသူများအနေဖြင့် ကျောင်းစာများကို သင်ယူရသလို ဗဟုသုတရရှိစေရန် အသိပညာပေး စာအုပ်စာဆောင်များကိုလည်း လေ့လာဖတ်ရှုစေလိုကြောင်း၊ မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန မြို့နယ်ဦးစီးမှုး ဦးမြတ်မင်းထက်နှင့် တာဝန်ရှိသူများက သဘာဝဘေးများဖြစ်ပေါ်ကျရောက်လာတတ်သည့် မီးဘေး၊ ရေဘေး၊ လေဘေး၊ ငလျင်ဘေးများနှင့် ပတ်သက်သည့် အကြောင်းအရာများကို ပြောကြားခြင်းနှင့် ကြိုတင်ပြင်ဆင် ရှောင်ရှားတတ်စေရန် Power Point ဖြင့် ရှင်းလင်းပြောကြားခဲ့သည်။ 

ထို့နောက် သဘာဝဘေး ဗီနိုင်းပိုစတာများအား မြို့နယ် ဘေးအန္တရာယ်စီမံခန်းမှုဦးစီးဌာနမှ တာဝန်ရှိသူများက အခြေခံပညာအထက်တန်း (ပဲနွယ်ကုန်း) ကျောင်းအုပ်ဆရာမကြီး ဒေါ်သွယ်သွယ်ဦးထံသို့ ပေးအပ်ခဲ့ပြီး ကျောင်းအုပ်ဆရာမကြီးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ကြောင်း သိရသည်။

  မြို့နယ်(ပြန်/ဆက်)