မန္တလေးခရိုင်အတွင်းရှိ စာကြည့်တိုက်များရှင်သန်အောင်မြင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးပြုလုပ်

မန္တလေးခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊  မန္တလေးခရိုင် မြို့နယ်အတွင်းရှိ မြို့နယ်ဦးစီးအရာရှိများနှင့် မန္တလေးတိုင်းဒေသကြီး စာကြည့်တိုက်များဖောင်ဒေးရှင်းတို့ပူးပေါင်း၍ ယနေ့နံနက် (၁၀) နာရီက လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို မန္တလေးခရိုင်၊ လူထုအခြေပြုဗဟိုဌာန ( Community Centre ) ခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ပြင်ဦးလွင်ခရိုင်၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် စာဖတ်ရှိန်မြှင့်တင်ရေးအသိပညာပေး Talk Show ကျင်းပ

မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) တွင် ယနေ့မွန်းလွဲ ၁ နာရီက စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးTalk Show ကျင်းပခဲ့ကြောင်းသိရသည်။

သိန္နီမြို့တွင် ကျောင်းသား၊ကျောင်သူများ ကျန်းမာကြံ့ခိုင်စေရေး အားကစားပစ္စည်းများ တပ်ဆင်ခြင်းများ ဆောင်ရွက်

ရှမ်းပြည်နယ်(မြောက်ပိုင်း)လားရှိုးခရိုင်၊ သိန္နီမြို့၊ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းတွင်  ကျောင်း သား၊ ကျောင်သူများ ကျန်းမာကြံ့ခိုင်စေရေး၊

မင်္ဂလာဒုံမြို့နယ်တွင် သွေးလွန်တုပ်ကွေးဖြစ်ပွားလျက်ရှိသည့် နေအိမ်နှင့်အနီးပတ်ဝန်းကျင်ရှိ နေအိမ်များအား ခြင်ဆေးဖျန်းခြင်းလုပ်ငန်းများ ဆောင်ရွက်

ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ မင်္ဂလာဒုံမြို့နယ်တွင် ယနေ့နံနက် (၉)နာရီအချိန်က မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာနနှင့် မြို့နယ်ကြက်ခြေနီတပ်ဖွဲ့တို့ ပူးပေါင်း၍ သွေးလွန်တုပ်ကွေးရောဂါ ဖြစ်ပွားလျက်ရှိသည့် ပတ္တမြားကျေးလက်ကျန်းမာရေးဌာန အပိုင်၊ သစ်ဆိမ့်ကုန်းကျေးရွာ၊ ဒုဌဝတီလမ်းတွင်နေထိုင်သော သွေးလွန်တုပ်ကွေးရောဂါဖြင့် ဆေးရုံတက်ရောက်ကုသလျက်ရှိသည့် မောင်မြတ်ဘုန်းခေတ် (၆)နှစ်(၈)လ၏ နေအိမ်နှင့် အနီးပတ်ဝန်းကျင်ရှိ နေအိမ်များနှင့်အဆိုပါ ကလေးကျောင်းတက်ရောက်ပညာသင်ကြားနေသည့် သုခကာမီသီလရှင်ကျောင်းတို့အား Case abate (အဘိတ်ဆေး) ခပ်ခြင်းနှင့် Fogging (ခြင်ဆေး)ဖျန်းခြင်း လုပ်ငန်းများဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

သိန္နီမြို့တွင် ကျောင်းသား၊ ကျောင်သူများ ကျန်းမာကြံ့ခိုင်စေရေး အားကစားပစ္စည်းများ တပ်ဆင်ခြင်းများ ဆောင်ရွက်

ရှမ်းပြည်နယ်(မြောက်ပိုင်း)လားရှိုးခရိုင်၊ သိန္နီမြို့၊ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းတွင်  ကျောင်း သား၊ ကျောင်သူများ ကျန်းမာကြံ့ခိုင်စေရေး၊ ကိုယ်လှုပ်ရှားအစီအစဉ်များ ဆောင်ရွက်နိုင်ရေးအတွက်

၂၀၂၂-၂၀၂၃ ပညာသင်နှစ်တွင် သာစည်မြို့နယ်၌ အခြေခံပညာကျောင်း ၉ ကျောင်းအဆင့် တိုးပြီး အခြေခံပညာမူလတန်းကျောင်း(ခွဲ)တစ်ကျောင်းဖွင့်လှစ်

မန္တလေးတိုင်းဒေသကြီး သာစည်မြိုနယ်တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ်၌ အခြေခံပညာကျောင်း ၉ ကျောင်း အဆင့်တိုးပြီး အခြေခံပညာမူလတန်းကျောင်း(ခွဲ)တစ်ကျောင်း ဖွင့်လှစ်ခွင့်ရရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။

ပေါက်တောမြို့နယ်အတွင်းရှိ အသက်(၁၂)နှစ်မှ (၁၈)နှစ်အတွင်းရှိ ကျောင်းသား/ သူများအား ထပ်ဆောင်း ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး Booster Dose  ထိုးနှံပေး

ရခိုင်ပြည်နယ်၊ စစ်တွေခရိုင်၊ ပေါက်တောမြို့နယ်အတွင်းရှိ  ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး  နှစ်ကြိမ်ထိုးနှံပြီးစီးသော အသက်(၁၂)နှစ်မှ (၁၈)နှစ်အတွင်း ကျောင်းသား/ သူများအား ထပ်ဆောင်းကာကွယ်ဆေး ထိုးနှံပေးခြင်းကို  ယမန်နေ့ နံနက်ပိုင်းက သတ်မှတ်စုရပ် နေရာများတွင် ဆက်လက် ထိုးနှံပေးခဲ့ကြသည်။

ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ အောင်မြင်စွာဆောင်ရွက်နိုင်ရေး မင်းဘူးခရိုင်အဆင့် ဌာနဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်အတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ အောင်မြင်စွာ ဆောင်ရွက်နိုင်ရေးနှင့် ဌာနဆိုင်ရာလုပ်ငန်းများ လွယ်ကူချောမွေ့အဆင်ပြေစွာ ဆောင်ရွက်နိုင်ရေးတို့အတွက် မင်းဘူးခရိုင်အဆင့် ဌာနဆိုင်ရာလုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့နံနက် ၉ နာရီခွဲအချိန်က ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ရာ အစည်းအဝေးသို့ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။

ဒလမြို့နယ်တွင် စာဖတ်ရှိန်မြှင့်တင်ရေးအတွက် အသိပညာပေးဟောပြောပွဲ၊ နံရံကပ်စာစောင်ပြပွဲ ဆောင်ရွက်

ရန်ကုန်တောင်ပိုင်းခရိုင်၊ ဒလမြို့နယ်၊ အ.မ.က (၁၇)တွင် စာဖတ်ရှိန်မြှင့်တင်ရေးအတွက် အသိပညာပေးဟောပြောပွဲ၊ နံရံကပ်စာစောင်ပြပွဲ စာအုပ်ပြပွဲကို ယမန်နေ့မွန်းလွဲ ၁ နာရီတွင် ကျင်းပပြုလုပ်ခဲ့သည်။

စိုက်ပျိုးမြေ (၄၀၀) ဧက ရေပေးဝေနေသည့် ရေကျအဆောက်အအုံတစ်ခုအား စိုက်ပျိုးရေ အပြည့်အဝပေးဝေနိုင်ရေး ပြန်လည်ပြုပြင်ပေးသွားမည်

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ် ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ စိုက်ပျိုးမြေ (၄၀၀) ဧက ရေပေးဝေနေသည့် ရေကျအဆောက်အအုံ တစ်ခုအား ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်တွင် မန္တလေးတိုင်းဒေသကြီး ခွင့်ပြုရန်ပုံငွေကျပ် (၃၅.၀၀၀) သန်းဖြင့် စိုက်ပျိုးရေများပေးဝေရာတွင် အပြည့်အဝပေးဝေနိုင်ရေး ပြန်လည်ပြုပြင်ပေးသွားမည်ဖြစ်ကြောင်း သိရှိရသည်။
Subscribe to