ပန်းတောင်း သြဂုတ် ၂၅
ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့်အဖွဲ့သည် ပန်းတောင်းမြို့ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို ယမန်နေ့နေ့လယ်ပိုင်းက ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ဦးဆောင်သောအဖွဲ့သည် ပန်းတောင်းမြို့နယ် ရွှေဘုံသာ - ရွာသာရွာလမ်း၏ ဖို့မြေ၊ ဖြတ်မြေနှင့် မြေနီလမ်းခင်းခြင်းလုပ်ငန်း ဆောင်ရွက်နေမှုအား ကြည့်ရူ့စစ်ဆေးခဲ့ကြောင်း သိရသည်။
ထို့နောက် ပန်းတောင်းမြို့နယ် ရွာသာရွာအုပ်စုရှိ သရက် - ကံမ - ကဒူးပြင် - ပြည်လမ်း ကတ္တရာ ထပ်ပိုးလွှာတင်ခြင်းနှင့် ရေပိတ်လွှာလောင်းခြင်း လုပ်ငန်းအား ကြည့်ရူ့စစ်ဆေးခဲ့ပြီး၊ ကျောက်ဖူးကျေးရွာအုပ်စု၊ ကျောက်ဖူးကျေးရွာရှိ မွေးမြူရေးလုပ်ငန်းရှင် ဒေါ်တင်နွဲ့မှ ဒေသကြက် အကောင် (၁၀၀၀)မွေးမြူထားရှိမှုအား ကြည့်ရူ့အားပေးခဲ့ကြောင်း သိရသည်။
ဆက်လက်၍ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ဦးဆောင်သောအဖွဲ့သည် ပန်းတောင်းမြို့နယ် ညောင်ခြေထောက်ကျေးရွာအုပ်စု ညောင်ခြေထောက် သစ်ထုတ်လုပ်ရေးဝန်းအတွင်း၌ စုပုံထားသော ဧရာဝတီမြစ်အတွင်း ဖမ်းဆီးရမိခဲ့သည့် တရားမဝင် ကျွန်းသစ်များအား ကြည့်ရူ့စစ်ဆေးခဲ့ပြီး လိုအပ်သည်များ မှာကြားခဲ့ကြောင်း သိရသည်။
သင်းသင်းအေး(ပြန်/ဆက်)