ဒလမြို့နယ်တွင် စာဖတ်ရှိန်မြှင့်တင်ရေးအတွက် အသိပညာပေးဟောပြောပွဲ၊ နံရံကပ်စာစောင်ပြပွဲ ဆောင်ရွက်

ဒလ သြဂုတ် ၂၅

ရန်ကုန်တောင်ပိုင်းခရိုင်၊ ဒလမြို့နယ်၊ ..က (၁၇)တွင် စာဖတ်ရှိန်မြှင့်တင်ရေးအတွက် အသိပညာပေးဟောပြောပွဲ၊ နံရံကပ်စာစောင်ပြပွဲ စာအုပ်ပြပွဲကို ယမန်နေ့မွန်းလွဲ နာရီတွင် ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါအခမ်းအနားတွင်  ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ  ဦးစီးအရာရှိ  ဒေါ်သီတာဝင်း က စာပေ၏တန်ဖိုးခေါင်းစဉ်ဖြင့် ကျောင်းသား၊ ကျောင်းသူများကို အသိပညာပေးဟောပြောရာတွင် လူငယ်များအနေဖြင့် စာပေ၏တန်ဖိုးကိုသိရှိပြီး ကျောင်းစာသာမက ပြင်ပဗဟုသုတများရရှိစေမည့်  သုတ၊ ရသစာပေများကို ဖတ်ရှု့ လေ့လာသင့်ကြောင်း၊  အသိပညာ၊ အတတ်ပညာ ဖွံ့ဖြိုးတိုးတက်စေဖို့၊ စဉ်းစားဆင်ခြင်ဆုံးဖြတ်နိုင်ဖို့၊ ဉာဏ်အမြော်အမြင်မြှင့်မားဖို့၊ အသိပညာဗဟုသုတရရှိစေမည့် စာကောင်းပေကောင်းများကို လေ့လာသင်ယူပြီး စာဖတ်သည့် အလေ့အထများကို  လေ့ကျင့်ပျိုးထောင်ယူရမှာဖြစ်ကြောင်း ဟောပြောခဲ့သည်။

ထို့နောက် ကျောင်းသား၊ ကျောင်းသူများကို စာဖတိရှိန်မြှင့်တင်ရေးအတွက် နံရံကပ်စာစောင်များ၊ စာအုပ်များ ပြသထားရာတွင် စိတ်ပါဝင်စားစွာ ကြည့်ရှု့လေ့လာခဲ့ကြသည်။

သီတာဝင်း (ပြန်ဆက်)