မင်္ဂလာဒုံမြို့နယ်တွင် သွေးလွန်တုပ်ကွေးဖြစ်ပွားလျက်ရှိသည့် နေအိမ်နှင့်အနီးပတ်ဝန်းကျင်ရှိ နေအိမ်များအား ခြင်ဆေးဖျန်းခြင်းလုပ်ငန်းများ ဆောင်ရွက်

မင်္ဂလာဒုံ သြဂုတ် ၂၅

ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ မင်္ဂလာဒုံမြို့နယ်တွင် ယနေ့နံနက် ()နာရီအချိန်က မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာနနှင့် မြို့နယ်ကြက်ခြေနီတပ်ဖွဲ့တို့ ပူးပေါင်း၍ သွေးလွန်တုပ်ကွေးရောဂါ ဖြစ်ပွားလျက်ရှိသည့် ပတ္တမြားကျေးလက်ကျန်းမာရေးဌာန အပိုင်၊ သစ်ဆိမ့်ကုန်းကျေးရွာ၊ ဒုဌဝတီလမ်းတွင်နေထိုင်သော သွေးလွန်တုပ်ကွေးရောဂါဖြင့် ဆေးရုံတက်ရောက်ကုသလျက်ရှိသည့် မောင်မြတ်ဘုန်းခေတ် ()နှစ်()လ၏ နေအိမ်နှင့် အနီးပတ်ဝန်းကျင်ရှိ နေအိမ်များနှင့်အဆိုပါ ကလေးကျောင်းတက်ရောက်ပညာသင်ကြားနေသည့် သုခကာမီသီလရှင်ကျောင်းတို့အား Case abate (အဘိတ်ဆေး) ခပ်ခြင်းနှင့် Fogging (ခြင်ဆေး)ဖျန်းခြင်း လုပ်ငန်းများဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ခြင်မှတဆင့် ကူးစက်တတ်သော သွေးလွန်တုပ်ကွေးရောဂါမှ ကာကွယ်ရန်အတွက် ရေလှောင်ကန်၊ ပန်းအိုးစသည်တို့တွင် ပိုးလောက်လန်းပေါက်ပွားမှုမရှိစေရေး စစ်ဆေးခြင်းနှင့် သွေးလွန်တုပ်ကွေးရောဂါ ဖြစ်ပွားမှုမှ ကာကွယ်ရန်နည်းလမ်းများကိုလည်း မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ ဆရာမများဖြစ်ကြသည့် ဒေါ်ဥမ္မာသန့်နှင့် ဒေါ်ခင်ဆွေဝင်းတို့မှ အသိပညာပေး ပြောကြားခဲ့ကြကြောင်း သိရသည်။

မြတ်မွန်ခင်(မင်္ဂလာဒုံ)