သိန္နီ သြဂုတ် ၂၅
ရှမ်းပြည်နယ်(မြောက်ပိုင်း)လားရှိုးခရိုင်၊ သိန္နီမြို့၊ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းတွင် ကျောင်း သား၊ ကျောင်သူများ ကျန်းမာကြံ့ခိုင်စေရေး၊ ကိုယ်လှုပ်ရှားအစီအစဉ်များ ဆောင်ရွက်နိုင်ရေးအတွက် အားကစားပစ္စည်း တပ်ဆင်ခြင်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် သိန္နီမြို့၊ အမှတ်(၁)၊အခြေခံပညာအထက်တန်းကျောင်းရှေ့ ကွင်းပြင်တွင် ကျောင်းသား၊ကျောင်းသူများ လွတ်လပ်ပျော်ရွှင်စွာ ကစားနိုင်ခြင်း၊ ကျောင်းစာများအပြင် ဘက်စုံထူးချွန်သော ကျောင်းသားများဖြစ်လာနိုင်ခြင်း၊ ကိုယ်ကာယ ကျန်းမာကြံ့ခိုင်စေရေးတို့အတွက် မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာနမှ ထောက်ပံ့ပေးအပ်သော ကိုယ်လက်လှုပ်ရှား အားကစားပစ္စည်းများကို ကျောင်းအုပ် ဆရာမကြီးဒေါ်ဝင်းမြင့်၏ ဦးဆောင်ကြီးကြပ်မှုဖြင့် ဆရာ/ ဆရာမများ၊ စေတနာရှင်အလှူရှင်များ၊ ကျောင်းအကျိုးတော်ဆောင်များ၊ ကျောင်းသားမိဘများက ဝိုင်းဝန်း၍ တပ်ဆင်ကြခြင်းဖြစ်သည်။ သိန္နီမြို့နယ်အတွင်းရှိ အခြေခံပညာ အထက်တန်းကျောင်းများတွင် ကိုယ်လက်လှုပ်ရှား အားကစားပစ္စည်းများ ဆက်လက်ထောက်ပံ့ပေးအပ်သွား မည်ဖြစ်ကြောင်း မြို့နယ် အားကစားနှင့်ကာယပညာဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဒေါ်ပပဝင်းထံမှ သိရသည်။
စောဥမ္မာ (သိန္နီ)