သာစည် ဩဂုတ် ၂၅
မန္တလေးတိုင်းဒေသကြီး သာစည်မြိုနယ်တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ်၌ အခြေခံပညာကျောင်း ၉ ကျောင်း အဆင့်တိုးပြီး အခြေခံပညာ မူလတန်းကျောင်း(ခွဲ)တစ်ကျောင်း ဖွင့်လှစ်ခွင့်ရရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
အဆင့်တိုး ဖွင့်လှစ်ခွင့်ရရှိသည့် ကျောင်းများတွင် အခြေခံပညာအထက်တန်းကျောင်းအဖြစ် နှစ်ကျောင်း၊ အခြေခံပညာအထက်တန်း ကျောင်း(ခွဲ)အဖြစ် နှစ်ကျောင်း၊ အခြေခံပညာအလယ်တန်းကျောင်းအဖြစ် သုံးကျောင်း၊ အခြေခံပညာအလယ်တန်းကျောင်း(ခွဲ)အဖြစ် နှစ်ကျောင်းတို့ ဖြစ်ကြောင်းသိရသည်။ ပေါက်တောကျေးရွာနှင့် သက္ကယ်ဒိတ်ကျေးရွာ အခြေခံပညာအထက်တန်းကျောင်း(ခွဲ)များအား အခြေခံပညာအထက်တန်းကျောင်းများအဖြစ်လည်းကောင်း၊ မျက်နီကျင်းကျေးရွာနှင့်နွားထိုးကျေးရွာ အခြေခံပညာအလယ်တန်းကျောင်းများအား အခြေခံပညာအထက်တန်းကျောင်း(ခွဲ)များအဖြစ်လည်းကောင်း၊ မုံပင်ဆုံကျေးရွာ၊ လယ်ပြင်ကျေးရွာနှင့် တောင်ပူစာကျေးရွာ အခြေခံပညာအလယ်တန်းကျောင်း(ခွဲ)များအား အခြေခံပညာအလယ်တန်းကျောင်းများအဖြစ် လည်းကောင်း၊ ကျွဲတပ်ကျေးရွာနှင့်လက်ထပ်ကုန်းကျေးရွာ မူလတန်းလွန်ကျောင်းများအား အခြေခံပညာအလယ်တန်းကျောင်း(ခွဲ)များအဖြစ်နှင့် ကျွဲကျကျေးရွာ၌ အခြေခံပညာ မူလတန်းကျောင်း(ခွဲ) ဖွင့်လှစ်ခွင့်ရရှိခြင်းဖြစ်ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)