ရမ်းဗြဲ ဩဂုတ် ၂၅
ရခိုင်ပြည်နယ်၊ ရမ်းဗြဲမြို့နယ်၌ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းမှ အသက်(၅)နှစ်အောက်ကလေးများ ဗီတာမင်အေဆေးနှင့် သန်ချဆေးများတိုက်ကျွေးခြင်းကို ယနေ့ နံနက် ၈နာရီ မှ ညနေ ၄ နာရီထိ တိုက်ကျွေးလျက်ရှိကြောင် းသိရသည်။
ထိုသို့ တိုက်ကျွေးရာတွင် အသက် (၅)နှစ်အောက် ကလေးငယ်များအား ကျန်းမာရေးဝန်ထမ်းမှ ကိုယ်အလေးချိန်တိုင်းတာခြင်း၊ ကလေးငယ်များ ဖွံ့ဖြိုးကြီးထွားမှုကို တိုင်းတာခြင်းနှင့် ကျန်းမာရေးစောင့်ရှောက်မှုများပေး၍ ကလေးငယ်များကို ဗီတာမင်အေဆေးနှင့် သန်ချဆေးများကို တိုက်ကျွေးပေးကြသည်။
အဆိုပါ အာဟာရဆေးများ တိုက်ကျွေးခြင်းကို (၂၅-၈-၂၀၂၂) ရက်နေ့မှ (၂၆-၈၂၀၂၂) ရက်နေ့ထိတိုက်ကျွေးပေးမည်ဖြစ်ရာ ယနေ့တွင် ရမ်းဗြဲမြို့ပေါ်ရှိ ရပ်ကွက်များမှ အမှတ်(၁)၊ အမှတ်(၂)နှင့် အမှတ်(၃)ရပ်ကွက်များမှ ကလေးငယ်များကို တိုက်ကျွေးပေးလျက်ရှိပြီး ကျန်ရှိနေသော ရပ်ကွက်များဖြစ်ကြသည့် အမှတ်(၄)၊ အမှတ် (၅)၊ အမှတ် (၆) ရပ်ကွက်များမှ ကလေးငယ်များကိုလည်း ဆက်လက်တိုက်ကျွေးပေးသွားမည်ဖြစ်ကြောင်း သိရသည်။
အောင်နိုင် (ပြန်/ဆက်)