ပင်းတယ သြဂုတ် ၂၅
ရှမ်းပြည်နယ် တောင်ပိုင်း၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်းတယမြို့နယ် "မြသုခ"အစိုးရ ဝန်ထမ်းပေါင်းစုံ ငွေစုငွေချေးသမဝါယမအသင်း လီမိတက်၏ ၂၀၂၁-၂၀၂၂ ဘဏ္ဍာရေးနှစ် အရပ်ရပ်ဆိုင်ရာ အစည်းအဝေးအား ယမန်နေ့နံနက် ၁၀ နာရီက အဆိုပါရုံးခန်းမ၌ ကျင်းပခဲ့သည်။
ရှေးဦးစွာ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့နယ်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးကျော်မိုးလွင်က လမ်းညွှန်အမှာစကား ပြောကြားပြီး၊ "တက္ကသိုလ်ဝင်တန်းအောင် ဂုဏ်ထူးရကျောင်းသား/သူ "မြသုခ"အသင်းဝင်အသင်းသူ၊အသင်းသားများ၏ သားသမီးများကို ဆုချီးမြှင့်ပေးသည်။ ထိုအစည်းအဝေးတွင် အသင်း၏ စာရင်းစစ် စစ်ဆေးတွေ့ရှိချက်အပေါ် အမှုဆောင်အဖွဲ့၏ အရေးယူဆောင်ရွက်ချက်များ၊ အသင်း၏ရှေ့လုပ်ငန်းစဉ်များ၊ ၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ်စာရင်းရှင်းတမ်းနှင့် အစီရင်ခံစာများတင်ပြခြင်း၊ အသင်းသူ/သားတို့၏ အကြံပြုချက်အပေါ် သက်ဆိုင်ရာတာဝန်ရှိသူများက ပြန်လည်ဖြေကြားခြင်း တို့ကိုပြုလုပ်ဆောင်ရွက်ခဲ့သည်။
ပင်းတယမြို့နယ် "မြသုခ"အစိုးရဝန်ထမ်းပေါင်းစုံ ငွေစုငွေချေးသမဝါယမအသင်းလီမိတက်တွင်အသင်းဝင် စုစုပေါင်း ၁၃၁၄ ဦးရှိပြီး၊ ၂၀၂၁ - ၂၀၂၂ ခုနှစ် အသင်းသားများသို့ ထုတ်ပေးသည့်ငွေမှာ အစုပေါ်အမြတ်ကျပ်ငွေတန်ဖိုး ၈၅၆၂၁၈ကျပ်၊ စုဆောင်းငွေပေါ် အတိုးငွေကျပ်တန်ဖိုး ၅၄၅၃၇၀၄၄ ကျပ်နှင့် အသားတင်အမြတ် စုစုပေါင်း ၁၉၀၂၇၀၆ ကျပ်ရှိကြောင်း သိရသည်။
အောင်ကိုဦး(ပြန်/ဆက်)