ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့်အဖွဲ့ လက်ပံတန်းမြို့ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းကြည့်ရှု

လက်ပံတန်း  သြဂုတ်  ၂၅

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးဆွေ၀င်းနှင့်အဖွဲ့သည် လက်ပံတန်းမြို့ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်နေမှုအား ယနေ့နံနက်ပိုင်းက ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့ကြောင်း သိရသည်။

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဂွေးတောက်ကွင်းကျေးရွာအုပ်စု၊ ဂွေးတောက်ကွင်း အလယ်စုကျေးရွာ တောင်သူဦးတင်ဝင်း၏ ၂၀၂၂-၂၀၂၃ ခုနစ် မိုးစပါး GW-11 ပျိုးထောင်စိုက်ပျိုးစံပြကွက် (၅၀)ဧကတွင် မြေသြဇာကျဲပက်မှု အခြေအနေအား ကြည့်ရှုအားပေးခဲ့သည်။

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမျိုးဆွေ၀င်းနှင့်အဖွဲ့မှ ကွင်းဆင်းစစ်ဆေးရာသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ သက်ဆိုင်ရာဌာနဆိုင်ရာများ လိုက်ပါကွင်းဆင်းခဲ့ပြီး လုပ်ငန်းဆောင်ရွက်မှုအခြေအနေများနှင့် ထပ်မံဆောင်ရွက်ရမည့် အခြေအနေများအား ရှင်းလင်းတင်ပြခဲ့ရာ ဝန်ကြီးချုပ်မှ လိုအပ်ချက်များ လမ်းညွှန် မှာကြားခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)