သီပေါမြို့နယ်လူထုအခြေပြုဗဟိုဌာနခန်းမတွင် နံရံကပ်စာစောင်၊ဓာတ်ပုံပြပွဲနှင့် စာအုပ်စာစောင်ပြသခြင်းများဆောင်ရွက်

သီပေါ ဩဂုတ် ၂၅

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမတွင် ယနေ့နံနက် (၉)နာရီက နံရံကပ်စာစောင်၊  ဓာတ်ပုံပြပွဲနှင့်စာအုပ်စာစောင်ပြပွဲ ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ  ဒေါ်ခင်နီလာစိုးက  ပြည်သူများ အားလပ်သည့်အချိန်တွင် စာအုပ်စာစောင်များ ဖတ်ရှုလေ့လာနိုင်စေရန်၊ စာကြည့်တိုက်ရှိ စာအုပ်စာစောင် အမျိုးအစားများကို သိရှိနိုင်စေရန်၊ အချိန်ကိုအကျိုးရှိစွာ အသုံးချတတ်စေရန် စသည့်ရည်ရွယ်ချက်များဖြင့် ပြသဆောင်ရွက်ပေးခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။

ဆက်လက်၍ လူကုန်းကူးမှုနှင့်ပတ်သက်သောအကြောင်းအရာများ၊ ကလေးအလုပ်သမား ပပျောက် ရေးဆိုင်ရာအကြောင်းအရာများ၊ မူးယစ်ဆေးဝါးနှင့်ပတ်သက်သော အကြောင်းအရာများ၊ သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးနံရံကပ်စာစောင်နှင့်ဓာတ်ပုံများအား ပြသဆောင်ရွက်ခဲ့ကာ ပြည်သူများက စိတ်ပါဝင်စားစွာ ကြည့်ရှုလေ့လာခဲ့ကြကြောင်း၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြည်သူများ၊ ကျောင်းသား၊ ကျောင်းသူ၊ လူငယ်လူရွယ်များ အသိပညာဗဟုသုတရရှိနိုင်စေရန် အသိပညာပေး ဟောပြောပွဲ၊ ပြပွဲ၊ ပြိုင်ပွဲ၊ သင်တန်းများကို လစဉ်ပြုလုပ်ဆောင်ရွက်ပေးလျက်ရှိကြောင်း  သိရသည်။

ခင်လေး(သီပေါ၊ပြန်/ဆက်)