တောင်သာ ဩဂုတ် ၂၆
မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံခရိုင်၊ တောင်သာမြို့တွင် အရှေ့မြောက်တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်နိုင်နိုင်ဦး၊ ဗိုလ်ကြီးဒေါ်ကြည်နွယ်ဦး(ငြိမ်း) မိသားစုနှင့်သီဟသုဓမ္မမဏိဇောတဓရ ဦးကျော်စွာထွဋ်၊ ဒေါ်ပိုးဖြူ (Shining Myanmar Co.,Ltd) တို့မှ လှူဒါန်းသည့် အားကစားလေ့ကျင့်ရေးပစ္စည်းများနှင့် အလှူငွေပေးအပ်ပွဲ အခမ်းအနားကို ယနေ့နံနက်(၁၀)နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါအခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဟန်သူရမှ အဖွင့်အမှာစကားပြောကြားပြီးနောက် အားကစားလေ့ကျင့်ရေးပစ္စည်းများပေးအပ်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဟန်သူရမှ ပေးအပ်ခဲ့ရာ အထက-မင်းစု ကျောင်းအုပ်ဆရာမကြီးက လည်းကောင်း၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့အဖွဲ့ဝင် ဗိုလ်မှူးနေမျိုးသူမှ ပေးအပ်မှုကို အထက-ဝဲလောင်ကျောင်းအုပ်ဆရာမကြီးမှလည်းကောင်း၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အတွင်းရေးမှူး ရဲမှူးရန်နိုင်စိုးမှ ပေးအပ်မှုကို အလယ်ချိုင့်ကျေးရွာအုပ်စု၊ အုပ်ချုပ်ရေးမှူးနှင့် နှီးဘုရားကြီး ဂေါပကအဖွဲ့မှလည်းကောင်း အသီးသီး လက်ခံရယူကြသည်။
ဆက်လက်၍ အလှူငွေမျာကိုးပေးအပ်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်ဦးမိုးကျော်နိုင်မှ ငွေကျပ်(၁၀)သိန်း ပေးအပ်ခဲ့ရာ အထကဝဲလောင် ကျောင်းအုပ်ဆရာမကြီးမှလည်းကောင်း၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်လဝက ဦးစီးမှူးဦးလဒ်ထွဋ်မှ ငွေကျပ်(၁၀)သိန်း ပေးအပ်ခဲ့ရာ အလယ်ချိုင့်ကျေးရွာအုပ်စု၊ အုပ်ချုပ်ရေးမှူးနှင့် နှီးဘုရားကြီးဂေါပကအဖွဲ့မှလည်းကောင်း၊ အလှူရှင်၏ ကိုယ်စား မင်းစုရပ်ကွက်နေ ဒေါ်ချောကေခိုင်မှ ငွေကျပ်(၁၀)သိန်း ပေးအပ်ခဲ့ရာ အထက မင်းစုကျောင်းအုပ်ဆရာမကြီးမှလည်းကောင်း အသီးသီးလက်ခံရယူခဲ့ပြီးနောက် မြို့နယ်ပညာရေးမှူး ဒေါ်စိမ်းစိမ်းမြင့်က ကျေးဇူးတင်စကားပြောကြားခဲ့သည်။
အခမ်းအနား၌ အလှူရှင်များမှ လှူဒါန်းသည့် အားကစားပစ္စည်းတစ်စုံလျှင် ငွေကျပ် (၂၅) သိန်းဖြစ်ပြီး (၃)စုံအတွက် တန်ဖိုးငွေကျပ်(၇၅)သိန်းအပါအဝင် စုစုပေါင်း လှူဒါန်းငွေကျပ်(၁၀၅)သိန်း ဖြစ်ကြောင်းသိရသည်။
ကျော်မျိုးနိုင်(တောင်သာ)