၂၀၂၂-၂၀၂၃ ပညာသင်နှစ် ကျောင်းပြင်ပ မူလတန်း၊ အလယ်တန်း ပညာရေးလုပ်ငန်းဖွင့်ပွဲ အခမ်းအနားနှင့် ထူးချွန်ကျောင်းသား၊ ကျောင်းသူများအား ဂုဏ်ပြုချီးမြှင့်ပွဲ၊ ထောက်ပံ့ ပစ္စည်းများ လှူဒါန်းပေးအပ်ပွဲအခမ်းအနား

ဒလ သြဂုတ် ၂၆

ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ဒလမြို့နယ်တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ကျောင်းပြင်ပမူလတန်း၊ အလယ်တန်း ပညာရေးလုပ်ငန်းဖွင့်ပွဲ အခမ်းအနား နှင့် ထူးချွန် ကျောင်းသား၊ ကျောင်းသူများအား ဂုဏ်ပြုချီးမြှင့်ပွဲ၊ ထောက်ပံ့ပစ္စည်းများ လှူဒါန်းပေးအပ်ပွဲ အခမ်းအနားကို အမှတ် () အခြေခံပညာ အထက်တန်းကျောင်း ကုမုဒြာခန်းမတွင် ယနေ့ နံနက် ၁၀:၃၀ နာရီက ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ အခမ်းအနားတွင်  မြိုနယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ  ဦးစည်းသူကျော်က အဖွင့်အမှာစကားပြောကြားခဲ့သည်။ ဒလမြို့နယ် ကျောင်းပြင်ပ ပညာရေး တိုင်းကြီးကြပ်ရေးမှူး ဆရာမကြီး အေးအေးညွန့်က ကျောင်းပြင်ပ မူလတန်း၊ အလယ်တန်း ပညာရေးလုပ်ငန်းစဉ်များကို ရှင်းလင်းပြေားကြားခြင်း၊ မြို့နယ်ပညာရေးမှူး ဒေါ်မြင့်မြင့်အေးက ကျောင်းပြင်ပ ပညာရေးအခြေစိုက်စခန်းများ ဆောင်ရွက်ထားရှိမှုကို ရှင်းလင်းပြောကြားခြင်းနှင့် ကျောင်းပြင်ပ ပညာရေးအတွက် အလှူငွေပေးအပ်သော ကိုယ်ပိုင်ကျောင်းများမှ ကျောင်းအုပ် ဆရာ၊ ဆရာမကြီးများကို ဂုဏ်ပြုလွှာများပေးအပ်ခြင်း၊ မြိုနယ်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ  ဦးစည်းသူကျော်က ကျောင်းပြင်ပ ပညာရေးအခြေစိုက်စခန်း ကြီးကြပ်မှုကော်မတီဥက္ကဋ္ဌများကို တာဝန်ပေးခန့် အပ်လွှာများပေးခြင်၊ ကျောင်းသား၊ ကျောင်းသူများမှ ကောက်စိုက်ချိန် တေးသရုပ်ဖော် အစီအစဉ်ဖြင့် ဖျော်ဖြေတင်ဆက်ခြင်း၊ ဆုရကျောင်းသား၊ ကျောင်းသူများကို မြိုနယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ  ဦးစည်းသူကျော်၊ မြိုနယ်စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင်() ဗိုလ်မှူးမင်းအောင်၊ မြိုနယ်စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင်(၂) ဦးရွှေလှိုင်၊ မြို့နယ်မှူး ရဲမှူးစိုးဝင်းတို့က ဆုများနှင့် ထောက်ပံ့ပစ္စည်းများကို ပေးအပ်ချီးမြှင့်ချီးမြှင့်ခဲ့ကြပြီး  ဆုရကျောင်းသူတစ်ဦးမှ ကျေးဇူးတင် စကားပြောကြားခဲ့သည်။

ထို့နောက် ဒလမြို့နယ်တွင် ကျောင်းပြင်ပပညာရေး အခြေစိုက်စခန်းများတွင် ပညာသင်ကြားနေသော မူလတန်း (၁၀၇) ဦးနှင့် အလယ်တန်း (၂၈) ဦး ရှိ ကြောင်းလည်းသိရသည်။ အခမ်းအနားသို ဌာနဆိုင်ရာများ၊ ဆရာ၊ ဆရာမများနှင့် ကျောင်သား၊ ကျောင်းသူများ စုစုပေါင်းအင်အား (၁၀၀)ခန့် တက်ရောက် ခဲ့ကြသည်။ ကျောင်းပြင်ပ မူလတန်း၊ အလယ်တန်း ဆရာမများက ကလေးများအတွက် ဒီနေ့သီချင်းဖြင့် သီဆိုဖျော်ဖြေခဲ့ကြပြီး အခမ်းအနားကို ရုတ်သိမ်း ခဲ့ကြသည်။

သီတာဝင်း (ပြန်ဆက်)