သရက်ချောင်း သြဂုတ် ၂၆
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်၊ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ မြို့နယ်အတွင်းရှိ စိုက်ပျိုးရေးတောင်သူလယ်သမားများအား ၂၀၂၂ ခုနှစ် မိုးစပါး စိုက်ပျိုးထုတ်လုပ်မှုအတွက် စိုက်ပျိုးစရိတ်ချေးငွေများထုတ်ချေးပေးလျက်ရှိရာ ယနေ့နံနက်ပိုင်း ကစတင်၍ တီတွတ်ပြင်ကျေးရွာ၊ ဆင်ကူးကျေးရွာ၊ လဘကျေးရွာနှင့် ကျွဲမင်းကုန်းကျေးရွာရှိ တောင်သူများအား အဆိုပါ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်၌ စိုက်ပျိုးစရိတ်ချေးငွေများ ဆက်လက်ထုတ်ပေးလျက်ရှိကြောင်း သိရသည်။
အဆိုပါ စိုက်ပျိုးစရိတ်ချေးငွေများထုတ်ချေးရာတွင် ယခင်စိုက်ပျိုးစရိတ်ချေးငွေများ ပြန်လည်ပေးဆပ်ပြီးသူများကို ထုတ်ချေးပေးခြင်းဖြစ်ပြီး သရက်ချောင်းမြို့နယ်အတွင်းရှိ တီတွတ်ပြင်ကျေးရွာ၊ ဆင်ကူးကျေးရွာ၊ လဘကျေးရွာနှင့် ကျွဲမင်းကုန်းကျေးရွာရှိ တောင်သူများ (၈၈)ဦးအတွက်တစ်ဧကလျှင် တစ်သိန်းခွဲနှုန်းဖြင့် စပါးစိုက် (၅၀၀)ဧကအတွက် ချေးငွေကျပ် (၇၅,၀၀၀,၀၀၀) သိန်းကိုထုတ်ချေးပေးခဲ့ကြောင်းကြောင်း သိရသည်။
သရက်ချောင်းမြို့နယ်အတွင်းရှိ မိုးစပါးစိုက်ပျိုးသည့်ကျေးရွာပေါင်း(၃၄)ရွာကိုစိုက်ပျိုးစရိတ် ထုတ်ချေးပေးရန်လျာထားဆောင်ရွက်လျက်ရှိရာ ယခုလအထိကျေးရွာ(၂၉)ရွာကို ထုတ်ချေးပေးနိုင်ခဲ့ပြီး ကျန်ရှိနေသောကျေးရွာများကိုလည်း စိုက်ပျိုးစရိတ်ထုတ်ချေးပေးနိုင်ရေး စီစဉ် ဆောင်ရွက်လျက်ရှိကြောင်း သရက်ချောင်းမြို့နယ်၊ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ် မန်နေဂျာ ဒေါ်အေးသီတာထံမှ သိရသည်။
သားကြီး(သရက်ချောင်း)