ရွှေဘို သြဂုတ် ၂၆
စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာနတွင် မုန်တိုင်းဘေးအန္တရာယ်အကြောင်း အသိပညာပေး (Talk Show) ကို ယနေ့နံနက် ၁၁ နာရီအချိန်က ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိဒေါ်အေးမြင့်စန်းက အသိပညာပေးဆွေးနွေးပွဲ ပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များအား ရှင်းလင်းပြောကြားခဲ့ပြီး ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဒေါ်ချောစုက မုန်တိုင်းများ၏ အန္တရာယ်ကို နားလည်သဘောပေါက်လွယ်စေရန် အရောင်ဖြင့်သတိပေးစနစ်များ၊ မုန်တိုင်းအတွက် ကြိုတင်ပြင်ဆင်ရန်များ၊ မုန်တိုင်းသတိပေးချက်ရလျှင် ဆောင်ရွက်ရန်အချက်များ၊ မုန်တိုင်းဖြစ်ပေါ်နေစဉ်တွင် လိုက်နာရန်အချက်များ၊ မုန်တိုင်းဖြစ်ပေါ်နေချိန်ရှောင်ရှားသင့်သည့်အချက်၊ ပြုလုပ်ရန်အချက်များ၊ ဆောင်ရွက်ရမည့် နည်းလမ်းများ စသည်တို့ကို အကျယ်တဝင့် ဆွေးနွေးပေးခဲ့ကြောင်း သိရသည်။
အဆိုပါဆောင်ရွက်ခြင်းများကို Online စနစ်ဖြင့် ပြည်သူများ အသိပညာဗဟုသုတ တိုးပွားစေရန် အသိပညာပေး Talk Show အစီအစဉ်များကို ဌာနဆိုင်ရာများ၊ အသင်းအဖွဲ့များနှင့်ပူးပေါင်း၍ We love Shwe Bo Facebook Page တွင်စဉ်ဆက်မပြတ် စီစဉ်တင်ဆက်ပေးလျက်ရှိကြောင်း သိရသည်။
ခရိုင်ပြန်/ဆက်