မွေးမြူထုတ်လုပ်မှု တိုးတက်စေရေးဘားအံမွေးမြူရေဇုန်၌ တိရစ္ဆာန်ကျန်းမာရေးစောင့်ရှောက်မှု  လုပ်ငန်းများဆောင်ရွက်

ဘားအံ ဩဂုတ် ၂၉

၂၀၂၂ ခုနှစ် ဇူလိုင်လ ၂၉ ရက်နေ့တွင် ဖွင့်လှစ်ခဲ့သော ဘားအံမွေးမြူရေးဇုန်တွင် တောင်သူများ၏ မွေးမြူထုတ်လုပ်မှုပိုမိုဖွံ့ဖြိုးတိုးတက်လာစေရေးအတွက် ကရင်ပြည်နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဒေါက်တာအောင်မြင့်ဟန်ဦးဆောင်သောအဖွဲ့သည် မွေး မြူရေးခြံများတွင် ရာသီအလိုက်ဖြစ်ပွားတက်သောရောဂါ ကာကွယ်ရေးအသိပညာပေးနှင့် တိရစ္ဆာန်ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများကို ဩဂုတ်လ ၂၈ ရက်နေ့က ဆောင်ရွက်ခဲ့ကြသည်။

ထိုသို့ဆောင်ရွက်ရာတွင် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန ပြည်နယ်ဦးစီးမှူးနှင့်အဖွဲ့သည် ဘားအံမွေးမြူ‌ဇုန်ရှိ နွားမွေးမြူရေးခြံများတွင် နွားမများ ဇီး ရှိ/မရှိစမ်းသပ်ပေးခြင်း၊ အားဆေးများထိုးနှံ ပေးခြင်း၊ ဆိတ်မွေးမြူရေးခြံများတွင် ဆိတ်အဆုတ်ရောင်ရောဂါကာကွယ်ဆေးများထိုးနှံပေးခြင်း၊ ဥစားကြက်နှင့် အသားစားဒေသကြက်မွေးမြူရေးခြံများတွင် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်း များဆောင်ရွက်ပေးခြင်းတို့အပြင် မွေးမြူရေးခြံများရှိ တိရစ္ဆာန်များတွင် ရာသီအလိုက်ဖြစ်ပွားတက်သည့်ရောဂါများနှင့် ကူးစက်ရောဂါကာကွယ်ရေးနည်းလမ်းများကို အသိပညာပေးဆွေးနွေး ပြောကြားခဲ့ကြောင်း သိရသည်။

စောမျိုးမင်းသိန်း(ပြန်/ဆက်)