မြိုင် ဩဂုတ် ၂၈
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ မြိုင်မြို့ရှိ မြို့ပေါ်ရပ်ကွက်များတွင် သွေးလွန်တုပ်ကွေးတားဆီး ကာကွယ်ရေးလုပ်ငန်းများကို ယနေ့နံနက်ပိုင်းက မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဦးဆောင်မှုဖြင့် ဆောင်ရွက်ကြသည်။
ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ထွေးချစ် ဦးဆောင်၍ မြို့နယ် ကျန်းမာရေး၊ အမျိုးသမီးရေးရာအဖွဲ့၊ မိခင်နှင့်ကလေး စောင့်ရှောက်ရေးအသင်းနှင့် ရပ်ကွက် အုပ်ချုပ်ရေးမှူးများက မြိုင်မြို့ရှိ မြို့ပေါ်ရပ်ကွက်များအတွင်း သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်တားဆီးကာကွယ်နိုင်ရန်အတွက် ခြင်ဆေးဖြန်းခြင်း အဘိတ်ဆေးခတ်ခြင်း လုပ်ငန်းတို့ကို ဆောင်ရွက်ခဲ့ကြပြီး သွေးလွန် တုပ်ကွေးရောဂါဆိုင်ရာ အသိပညာပေးလက်ကမ်းစာစောင်များအား ဖြန့်ဝေခဲ့ကြောင်း သိရသည်။
သူရိန်