ဇီးကုန်းမြို့နယ်တွင် ပြည်သူများအား သက်သာသောဈေးနှုန်းဖြင့် စားသုံးဆီများ ဆက်လက်ရောင်းချပေး

ဇီးကုန်း    စက်တင်ဘာ 

ပြည်သူများစားသုံးဆီကို သက်သာသောဈေးနှုန်းဖြင့် ဝယ်ယူစားသုံးနိုင်ရေးအတွက် ပြည်ခရိုင် ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းမှ စားသုံးဆီများကို သက်သာသောဈေးနှုန်းဖြင့် ပဲခူးတိုင်းဒေသကြီး နတ်တလင်းခရိုင် ဇီးကုန်းမြို့နယ်၌ ရောင်းချပေးလျက်ရှိရာ ယနေ့တွင်လည်း  အမှတ်()ရပ်ကွက်တွင် နံနက် နာရီက စတင်ရောင်းချပေးခဲ့သည်။

ပြည်ခရိုင် ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်း၊ ဇီးကုန်းမြို့နယ် ဆီလုပ်ငန်းရှင် ဦးမောင်မောင်ဆွေတို့ ပူးပေါင်း၍  စားသုံးဆီ တစ်ပိဿာလျင် (၅၄၀၀) ကျပ်နှုန်းဖြင့် အမှတ်() ရပ်ကွက်အတွင်းမှ ပြည်သူများအား ရောင်းချပေးခဲ့ကြောင်း သိရသည်။

ပြည်သူများစားသုံးဆီကို သက်သာသောဈေးနှုန်းဖြင့် ဝယ်ယူစားသုံးနိုင်ရေး၊ ဈေးကွက်အတွင်း စားသုံးဆီဈေးနှုန်း တည်ငြိမ်ရေးအတွက် မြန်မာနိုင်ငံဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းမှ ဦးဆောင်၍ ပြည်ခရိုင်ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းတို့ ပူးပေါင်း၍  ရောင်းချပေးခြင်းဖြစ်ကြောင်း၊ အမှတ်() ရပ်ကွက်တွင် အိမ်ထောင်စု(၄၅၀) အား ရောင်းချပေးခဲ့ကြောင်းနှင့်  နေ့လည်ပိုင်းတွင် အမှတ်()ရပ်ကွက်နှင့် အမှတ်()ရပ်ကွက် များအတွင်း လှည့်လည်ရောင်းချပေးသွားမည်ဖြစ်ကြောင်း သိရသည်။

တင့်ဆွေ(ပြန်/ဆက်)