မြောက်ဦးမြို့၌ လူထုအခြေပြုဗဟိုဌာန (Community Center) ခန်းမ၌ စာဖတ်ရှိန်မြှင့်တင်ရေး ဟောပြောပွဲကျင်းပ

မြောက်ဦး စက်တင်ဘာ ၁

ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ မြောက်ဦးမြို့၌ လူထုအခြေပြုဗဟိုဌာန (Community Center) ခန်းမ၌ ကျောင်းသားလူငယ်များ စာအုပ်စာပေနှင့် ရင်းနှီးကျွမ်းဝင်မှုရှိပြီး စာပေဖတ်ရှုခြင်းအားဖြင့် ဗဟုသုတအဖြာဖြာတိုးပွားလာရန်ရည်ရွယ်ပြီး စာဖတ်ရှိန်မြှင့်တင်ရေး ဟောပြောပွဲကို ယနေ့မွန်းတည့် ၁၂ နာရီအချိန်က ကျင်းပခဲ့ကြောင်း သိရသည်။

အဆိုပါ ဟောပြောပွဲသို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဒုတိယဦးစီးမှူး ဒေါ်ခိုင်စန္ဒာထွန်းက ရည်မှန်းချက်ပန်းတိုင် ခေါင်းစဉ်ဖြင့်ပြောကြားရာတွင် ရည်မှန်းချက် ပန်းတိုင်သည် မိမိတို့အောင်မြင်လိုသောအရာကို သေချာထည့်သွင်းစဉ်းစားပြီး မိမိတို့ရဲ့ကြိုးစား အားထုတ်မှုများကို စတင်အကောင်အထည်ဖော် ဆောင်နိုင်ရန် စသည်တို့ကိုဟောပြောခဲ့သည်။ ဆက်လက်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန အကြီးတန်းစာရေး ဦးတင်ဝင်းမှ လည်း ငယ်စဉ်အခါ ပညာရှာ ခေါင်းစဉ်ဖြင့်ပြောကြားရာတွင် ငယ်စဉ်အခါပညာရှာဆိုသည့်အတိုင်း မိဘများက သား၊ သမီးများကို ကျောင်းနေအရွယ် ရောက်လာသည်နှင့်တစ်ပြိုင်နက် ကျောင်းအပ်နှံပေးကြ၍ မူလတန်းမှစပြီး တက္ကသိုလ်ဝင်တန်းအောင်သည်အထိ အချိန်ပေါင်းများစွာပေးပြီး ကျောင်းအပ်နှံခဲ့ကြသည်။ ထိုသို့ပြုလုပ်ပေးခြင်းသည် ကလေးသူငယ်များ အသိပညာဗဟုသုတ တိုးပွားရန်၊ လူမှုဆက်ဆံရေးယဉ်ကျေးကောင်းမွန်ရန်နှင့် အဖက်ဖက်မှပြည့်စုံနိုင်ရန် ပညာသင်ကြားပေးခြင်းဖြစ်ကြောင်း စသည်တို့ကိုပြောကြားခဲ့ပြီး အဆိုပါဟောပြောပွဲသို့ မူလတန်းအဆင့်၊ အလယ်တန်းအဆင့်၊ အထက်တန်းအဆင့် ကျောင်းသူ/ ကျောင်းသား (၂၅) ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။

မြင့်စိုး(ပြန်/ဆက်)