တွံတေး စက်တင်ဘာ ၁
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ရန်ကုန်တိုင်းတိုင်းဒေသကြီး၊ တွံတေးခရိုင်၌၊ ယနေ့နံနက် ၉ နာရီမိနစ် ၃၀ အချိန်က ခရိုင်ငါးလုပ်ငန်းဦးစီးဌာနမှူး ရုံးသစ်ဖွင့်ပွဲကို ကွမ်းခြံရပ်ကွက်၊ တွံတေး-ကွမ်းခြံကုန်းကားလမ်း (လမ်းဟောင်း) ဘေးရှိ အဆိုပါရုံးရှေ့၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ ဖွင့်ပွဲအခမ်းအနားတွင် ရန်ကုန်တိုင်းဒေသကြီး ငါးလုပ်ငန်းဦးစီးဌာန တိုင်းဒေသကြီးဦးစီးမှူး ဦးမြင့်ဆွေက အဖွင့်အမှာစကားပြောကြားပြီး တွံတေးခရိုင် ငါးလုပ်ငန်းဦးစီးဌာနမှ ဒုတိယခရိုင်အုပ်ချုပ်ရေးမှူး၊ ခရိုင်ရဲတပ်ဖွဲ့မှူးနှင့် မြို့နယ်အုပ်ချုပ်ရေးမှူးတို့အား တာဝန်ရှိသူတို့က လက်ဆောင်များပေးအပ်ကာ ရန်ကုန်တိုင်းဒေသကြီး ငါးလုပ်ငန်းဦးစီးဌာန၊ တိုင်ဒေသကြီးဦးစီးမှူး ဦးမြင့်ဆွေ၊ တွံတေးခရိုင်၊ ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဒုတိယခရိုင်အုပ်ချုပ်ရေးမှူး ဦးအောင်ကျော်သန်း တို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ကြောင်း သိရသည်။ ထို့နောက် တက်ရောက်လာသူများက တွံတေးခရိုင်၊ ငါးလုပ်ငန်းဦးစီးဌာနမှူးရုံး ဆိုင်းဘုတ်အား အမွှေးနံသာရည်များဖြင့် ပတ်ဖြန်းပေးကြသည်။ ဆက်လက်၍ တက်ရောက်လာသူများ စုပေါင်းမှတ်တမ်းရိုက်ကူးကြကြောင်း သိရသည်။
ခရိုင်ငါးလုပ်ငန်းဦးစီးဌာန ဖွင့်ပွဲအခမ်းအနားသို့ ရန်ကုန်တိုင်းဒေသကြီး ငါးလုပ်ငန်းဦးစီးဌာန တိုင်းဒေသကြီး ဦးစီးမှူး၊ ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဒုတိယခရိုင်အုပ်ချုပ်ရေးမှူးနှင့် ခရိုင်အဆင့် ငါးလုပ်ငန်းဦးစီးဌာနမှူးများ၊ မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ တွံတေးခရိုင်အတွင်းရှိ မြို့နယ်များမှ ငါးလုပ်ငန်းဦးစီးဌာန၊ မြို့နယ်ဦးစီးမှူးများနှင့် ဝန်ထမ်းများ၊ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
တွံတေးသား