အထွေထွေဗဟုသုတကြွယ်ဝစေရေး ကျောင်းသားကျောင်းသူများ လက်ဝယ်အရောက် စာအုပ်စာစောင်များလှည့်လည် ငှားရမ်းပေး

ပဲခူး  စက်တင်ဘာ 

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကျောင်းသား၊ ကျောင်းသူ၊ လူငယ်၊ လူရွယ်များ အထွေထွေဗဟုသုတကြွယ်ဝစေရန်အတွက် စာပေများဖတ်ရှုနိုင်ရေး နယ်လှည့်စာကြည့်တိုက်စနစ်ဖြင့် စာအုပ်၊ စာစောင်များ လှည့်လည် ငှားရမ်းပေးလျက်ရှိရာ ယမန်နေ့ မွန်းလွဲ   နာရီက ..က(ပုဏ္ဏားစု) ကျောင်းသို့ နယ်လှည့်ကွင်းဆင်းဆောင်ရွက်ခဲ့သည်။

ကွင်းဆင်းဆောင်ရွက်ရာတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဒေါ်ယဉ်ယဉ်နုနှင့် ဝန်ထမ်းများက ကျောင်းသား၊ ကျောင်းသူများ အသိပညာဗဟုသုတရရှိစေမည့် သုတ/ရသစာအုပ်များကို အဆိုပါကျောင်းရှိ ကျောင်းသား၊ ကျောင်းသူများ ဖတ်ရှုနိုင်စေရန် ရည်ရွယ်၍ Mini Mobile Bus ဖြင့် ငှားရမ်းပေးခဲ့ကြသည်။

အဆိုပါ နယ်လှည့်စာကြည့်တိုက်ကို ကျောင်းသား၊ ကျောင်းသူများ ကျောင်းစာအပြင် အထွေထွေဗဟုသုတကြွယ်ဝစေရန်အတွက် စာပေများဖတ်ရှုရေး တိုက်တွန်းနှိုးဆော် ဆောင်ရွက်ခြင်း အစီအစဉ်ဖြင့် ကွင်းဆင်းဆောင်ရွက်ပေးခြင်းဖြစ်ကြောင်း သိရသည်။

ခရိုင် (ပြန်/ဆက်)