ညောင်တုန်းမြို့နယ်တွင် ဆီထွက်သီးနှံ(နေကြာ)စိုက်ပျိုးမှု လျာထားချက်ပြည့်မီရေး တောင်သူများနှင့် တွေ့ဆုံဆွေးနွေး

ညောင်တုန်း  စက်တင်ဘာ  ၃

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်အတွင်းရှိ စိုက်ပျိုးမြေများတွင် ဆီထွက်သီးနှံ(နေကြာ) စိုက်ပျိုးမှုလျာထားချက်ပြည့်မီရေးသီးနှံစိုက်ပျိုး ထုတ်လုပ်မှု တိုးတက်မြင့်မားရေးအတွက် ယမန်နေ့နံနက် ၁၀ နာရီခွဲအချိန်ခန့်က မြို့နယ်အတွင်းရှိကျေးရွာအုပ်စုများသို့ ကွင်းဆင်းကာ တောင်သူများနှင့် တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရသည်။

ထိုသို့တွေ့ဆုံရာတွင် မြို့နယ်သီးနှံစိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မားရေး ကြီးကြပ်မှုကော်မတီ ဥက္ကဋ္ဌ ဦးကျော်စိုးက ၂၀၂၂-၂၀၂၃ ခုနှစ်၊ ဆီထွက်သီးနှံ(နေကြာ) စိုက်ဧကများ လျာထားချက်ပြည့်မီအောင် စိုက်ပျိုးနိုင်ရေး၊ အခြားနည်းခွင့်ပြုမှုမရရှိမီ မစိုက်ပျိုးဘဲ ထားရှိသည့်ဧကများ မရှိစေရေး စသည့်အကြောင်းအရာများကို စည်းရုံးဆွေးနွေးပြောကြားခဲ့ပြီး မြို့နယ်သီးနှံစိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မားရေး ကြီးကြပ်မှုကော်မတီ အဖွဲ့ဝင်များမှ သီးနှံစိုက်ပျိုးထုတ်လုပ်ရာတွင် ဆီထွက်သီးနှံ နေကြာ စိုက်ပျိုးခြင်းသည် ပြည်တွင်းစားသုံးဆီဖူလုံ၍ ပြည်ပမှ စားအုန်းဆီတင်သွင်းမှုလျှော့ချနိုင်ရေး၊ ပြည်တွင်းစားသုံဆီဈေးကွက် ပိုမိုရရှိစေရေး၊ ဆီစက်လုပ်ငန်းများ ပိုမိုဖွံ့ဖြိုးတိုးတက်လာစေရေး၊ နိုင်ငံခြားငွေအသုံးပြုမှု လျော့နည်း သက်သာလာစေရေး စသည့် ရည်ရွယ်ချက်များကိုလည်းကောင်း၊ စိုက်ပျိုးနည်းစနစ်မှန်ကန်ရေး၊ မျိုးကောင်းမျိုးသန့်များ စိုက်ပျိုးနိုင်ရေး၊ နည်းစနစ်မှန်ကန်စွာမြေပြုပြင်ပေးရေး၊ စားသုံးဆီ ဖူလုံရေးနှင့် ဝင်ငွေတိုးစေရန် ဆောင်းသီးနှံ နေကြာအားသီးထပ်သီးညှပ် လျာထားချက်အတိုင်း စိုက်ပျိုးရေး စည်းရုံးဆွေးနွေး၍ မြို့နယ်စားသုံးရေးရာဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးဦးအောင်လွင်က တောင်သူများ အသုံးပြုလျက်ရှိသည့် စိုက်ပျိုးရေးဆေးများနှင့် မျိုးစေ့များ ဝယ်ယူသုံးစွဲရာတွင် စားသုံးသူကာကွယ်ရေးအသိပညာပေး အကြောင်းအရာများကို ဆွေးနွေးပြောကြားရာ တက်ရောက်လာကြသည့် တောင်သူများမှ သိရှိလိုသည်များကို ပြန်လည်ဆွေးနွေး ဖြေကြားခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)