ကလိန်အောင် စက်တင်ဘာ ၅
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ကလိန်အောင်မြို့ အမှတ်(၁)ရပ်ကွက်ရှိ ကျေးလက်ကျန်းမာရေးဆေးပေးခန်း၌ ယနေ့နံနက် ၉ နာရီက မြို့အတွင်းရှိ မွေးကင်းစမှ အသက် (၂) အောက် အရွယ်ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေး ထိုးနှံတိုက်ကျွေးခြင်းကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထို့သို့ ပုံမှန်ကာကွယ်ဆေးထိုးနှံဆောင်ရွက်ရာတွင် ရေဖြူမြို့နယ် ကျန်းမာရေးဦးစီးဌာနမှ ဆရာမ ဒေါ်သီရီသစ်လွင်နှင့် ကျန်းမာရေးဝန်းထမ်းများက လစဉ်ပုံမှန်အဖြစ် မြို့ပေါ်ရပ်ကွက်များနှင့် ကျေးရွာများမှ မွေးကင်းစမှအသက်(၂)အောက် ကလေးငယ်များအား အသက်အရွယ်အလိုက် ဘီစီဂျီ၊ ပြင်းထန်ဝမ်းပျက်ဝမ်းလျှော၊ ပိုလီယို၊ ပြင်းထန်အဆုတ်ရောင်(ပီစီဗွီ)၊ ဝက်သက်၊ ဂျိုက်သိုး၊ ဆုံဆို့-ကြက်ညှာ-မေးခိုင်-အသည်းရောင်အသားဝါ(ဘီ) ဦးနှောက်အမြှေးရောင်ရောဂါ (ငါးမျိုးစပ်ကာကွယ်ဆေး) စသည့် ကာကွယ်ဆေးများကို သက်မှတ်အကြိမ်တိုင်း ထိုးနှံပေးခြင်းနှင့် တိုက်ကျွေးခြင်းများ ဆောင်ရွက်ကြကြောင်း သိရသည်။
ခင်ခင်လဲ့