ပြန်ကြားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးဦးရဲတင့်သည် ဖျာပုံခရိုင်အတွင်းရှိ ပြန်/ဆက်ဦးစီးဌာန ဝန်ထမ်းများနှင့်တွေ့ဆုံ

ဖျာပုံ စက်တင်ဘာ ၅

ပြန်ကြားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးဦးရဲတင့်သည် စက်တင်ဘာလ (၃)ရက်နေ့ (၁၅)နာရီ (၄၅)မိနစ်အချိန်က ကျိုက်လတ်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ရုံးဝန်ထမ်းများနှင့် လည်းကောင်း (၁၆)နာရီ (၁၇)မိနစ်အချိန်က ဖျာပုံခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမတွင် ဖျာပုံခရိုင်ရုံးနှင့်ဒေးဒရဲမြို့နယ်ရုံး ဝန်ထမ်းများနှင့် တွေ့ဆုံအမှာစကား ပြောကြားခဲ့ကြောင်း သိရသည်။

ထိုသို့တွေ့ဆုံရာတွင် ပြန်ကြားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးရဲတင့်က နိုင်ငံ့ဝန်ထမ်းပီသစွာဖြင့် သစ္စာစောင့်သိ တာဝန်ကျေပွန်စွာ ထမ်းဆောင်ကြရန်၊ နိုင်ငံ့ဝန်ထမ်းဘဝ ဂုဏ်ယူတတ်ကြစေရန်၊ မိတ်ဖက်ဌာနဆိုင်ရာ အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်ကြရန်၊ ပြည်သူ့ဆက်ဆံရေး သမားကောင်းတစ်ယောက်ဖြစ်အောင် ကြိုးစားကြရန်၊ လူငယ်အသိပညာပေးလုပ်ငန်းများကို ကြိုစားလုပ်ဆောင်ကြရန်၊ တာဝန်ကိုကျေပွန်စွာ ထမ်းဆောင်ကြရန်၊ ဝန်ထမ်းများ အသိပညာဗဟုသုတ တိုးပွားစေရေး စာပေဖတ်ရှုရေးသားကြရန်၊ ဝန်ထမ်းများ အသိပညာဗဟုသုတ တိုးတတ်အောင် ကြိုးစားကြရန်နှင့် အလုပ်လုပ်သည့်အခါ စိတ်ကောင်း၊ စေတနာကောင်း ထားရှိကာ လုပ်ကိုင်ဆောင်ရွက်ကြရန် မှာကြားပြီး၊ဝန်ထမ်းများ၏ တင်ပြချက်များကို ဖြေရှင်းဆောင်ရွက် ပေးခဲ့သည်။

ထို့နောက် ဒုတိယဝန်ကြီးသည် စက်တင်ဘာလ (၄)ရက်နေ့ နံနက်(၈)နာရီ ၁၅ အချိန်တွင် ဘိုကလေးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနရုံးသို့ ရောက်ရှိပြီး၊ ဝန်ထမ်းများနှင့် တွေ့ဆုံမှာကြားပြီး၊ ဘိုကလေးမြို့နယ် မြန်မာအသံနှင့် ရုပ်မြင်သံကြား ထပ်ဆင့်လွှင့်စက်ရုံကို လှည့်လည်ကြည့်ရှုစစ်ဆေးပြီး သက်ဆိုင်ရာ တာဝန်ခံများအား လိုအပ်သည်များကို လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။

အောင်ဝင်းနိုင်(ပြန်/ဆက်)