တောင်သာမြို့၌ (၅၈) နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ရဲတပ်ဖွဲ့ဝင်များ စုပေါင်းသန့်ရှင်းရေးပြုလုပ်

တောင်သာ စက်တင်ဘာလ

၂၀၂၂ ခုနှစ်၊  အောက်တိုဘာလ()ရက်နေ့တွင်  ကျရောက်မည့်   (၅၈) နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် တောင်သာမြို့နယ် မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ ယမန်နေ့ နံနက် () နာရီခွဲအချိန်က မင်းစု (--က) ကျောင်းဝန်းအတွင်းတွင်  စုပေါင်းသန့်ရှင်းရေး  ပြုလုပ်ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

အဆိုပါ သန့်ရှင်းရေးပြုလုပ်ရာတွင် တောင်သာမြို့နယ် မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးရန်နိုင်စိုးမှ ဦးဆောင်၍ ရဲတပ်ဖွဲ့ဝင် (၅၀) ဦးတို့က မင်းစု (--က) ကျောင်းရှိ ကျောင်းသား/သူများ လေဝင်/လေထွက်ကောင်းမွန်စေရန်  စုပေါင်း၍ တံမျက်စည်းလှဲခြင်း၊ အမှိုက်များကောက်ခြင်း၊ ချုံနွယ် မြက်ပင်များအား ခုတ်ထွင်ရှင်းလင်းခြင်း အစရှိသည့်လုပ်ငန်းများအား ရဲတပ်ဖွဲ့ဝင်များက ကျောင်းဝန်းအတွင်း သန့်ရှင်းရေးပြုလုပ်ခဲ့ကြောင်း သိရသည်။

ယင်းသို့ သန့်ရှင်းရေးဆောင်ရွက်ရာတွင် မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးရန်နိုင်စိုးနှင့် ရဲတပ်ဖွဲ့ဝင်များက  စုပေါင်းသန့်ရှင်းရေး ပြုလုပ်ခဲ့ကြပြီးနောက် ယင်းကဲ့သို့ ပြုလုပ်ဆောင်ရွက်ခြင်းသည် ကျောင်းသား/ ကျောင်းသူများ သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်နိုင်ရေးတို့အတွက် ရည်ရွယ်၍ ယခုလိုဆောင်ရွက် ခြင်းဖြစ်ကြောင်း သတင်းရရှိသည်။

ကျော်မျိုးနိုင်(တောင်သာ)