မြောင်းမြမြို့၌ အပတ်စဉ် တနင်္ဂနွေနေ့တိုင်း ပလတ်စတစ်အိတ် မသုံးစွဲရနေ့အဖြစ် သတ်မှတ်ဆောင်ရွက်

မြောင်းမြ စက်တင်ဘာ ၅

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ မြောင်းမြမြို့နယ်၌ အပတ်စဥ် တနင်္ဂနွေနေ့တိုင်း ပလတ်စတစ်အိတ် မသုံးစွဲရနေ့အဖြစ် သတ်မှတ်ဆောင်ရွက်လျက်ရှိရာ ယမန်နေ့ နံနက်ပိုင်း၌ မြို့နယ်စည်ပင်သာယာရေးအဖွဲ့က စျေးဆိုင်များ၊ စျေးများတွင် စျေးရောင်းဈေးဝယ် ပြည်သူများအား ပလတ်စတစ် မသုံးစွဲရေး အသိပညာပေးခြင်းများကို ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

အဆိုပါ ပလတ်စတစ်မသုံးစွဲရေးအတွက် အသိပညာပေးခြင်းများ ဆောင်ရွက်ရာတွင် ခရိုင်နှင့်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများ၏ စီမံညွှန်ကြားမှုဖြင့် မြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ တာဝန်ရှိသူများနှင့် ဝန်ထမ်းများက ပလတ်စတစ် မသုံးစွဲရေး အသိပညာပေးကြေညာခြင်း၊ ဆိုင်းပုဒ်များစိုက်ထူခြင်းနှင့် အသိပေးကြေညာစာများ ဖြန့်ဝေခြင်းတို့ကို ဆောင်ရွက်ခဲ့ပြီး၊ ကမ္ဘာမြေကျန်းမာဖို့ ပလတ်စတစ်ကိုရှောင်ကြဉ်စို့” ဆောင်ပုဒ်နှင့်အညီ ဈေးရောင်း၊ ဈေးဝယ်ပြည်သူများအနေဖြင့် မိမိတို့ရောင်းချသော ပစ္စည်းများအား အပတ်စဉ် တနင်္ဂနွေနေ့တိုင်း ပလတ်စတစ် မသုံးစွဲရနေ့အဖြစ် သတ်မှတ်၍ ယင်းနေ့တွင် ပလပ်စတစ်အိတ်အစား ကြာဖက်၊ အင်ဖက်၊ ငှက်ပျောရွက်၊ စက္ကူ၊ ချိုင့်၊ ဆွဲခြင်းများ စသည့် ပစ္စည်းများဖြင့် အစားထိုး သုံးစွဲစေရန် အသိပညာပေးခဲ့ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)