ထန်းတပင်မြို့နယ် အခြေခံပညာအထက်တန်းကျောင်းတွင် ကျောင်းသား၊ ကျောင်းသူများအား တတိယအကြိမ် ကိုဗစ် - ၁၉ ရောဂါကာကွယ်ဆေးထိုးနှံ

ထန်းတပင်(ပဲခူး) စက်တင်ဘာ ၅

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ထန်းတပင်မြို့နယ်တွင် အသက်(၁၂)နှစ်မှ(၁၈)နှစ်အထိ ကျောင်းသား၊ ကျောင်းသူများအား  တတိယအကြိမ် ကိုဗစ် - ၁၉ ရောဂါကာကွယ်ဆေး ထိုးနှံပေးခြင်းကို ယ‌နေ့နံနက်(၁ဝ)နာရီအချိန်က အခြေခံပညာအထက်တန်းကျောင်း၊ ပင်လုံခန်းမ၌‌ ထိုးနှံ‌ပေးလျက်ရှိကြောင်း သိရသည်။

အခြေခံပညာအထက်တန်းကျောင်းတွင် အသက်(၁၂)နှစ်မှ(၁၈)နှစ်အထိ ကျောင်းသား၊ ကျောင်းသူ(၃၂၀)ဦးအား ကျန်းမာရေးဝန်ကြီးဌာန၏ ညွှန်ကြားချက်များနှင့်အညီ တတိယအကြိမ် ကိုဗစ် - ၁၉ ရောဂါကာကွယ်ဆေး(Sinovac) ထိုးနှံပေးလျက်ရှိပြီး ကာကွယ်ဆေးထိုးနှံခြင်းအတွက် မိဘအုပ်ထိန်းသူများ၏ သဘောတူခွင့်ပြုချက်ဖြင့် ကာကွယ်ဆေးထိုးနှံပေးခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါကာကွယ်ဆေးထိုးနှံပေးခြင်းကို မြို့နယ်ကျန်းမာရေးဝန်ထမ်းများ၊ ကျောင်းဆရာ၊ ဆရာမများနှင့် တာဝန်ရှိသူများက ကာကွယ်ဆေးထိုးနှံရန် လာရောက်ကြသည့်ကျောင်းသား၊ ကျောင်းသူများအား လိုအပ်သည့် ကူညီမှုများဆောင်ရွက်ပေးခြင်း၊ စာရင်းမှတ်တမ်းရေးသွင်းခြင်း၊ စာရင်းကောက်ယူခြင်းများ ဆောင်ရွက်ပေးကြောင်းသိရသည်။

မြို့နယ်(ပြန်/ဆက်)