ဓနုဖြူ စက်တင်ဘာ ၅
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ်၊ စည်ပင်သာယာရေးအဖွဲ့မှ အများပြည်သူများ ယာဉ်အန္တရာယ်ကင်းရှင်းစေရေးအတွက် အသိပညာပေးခြင်းကို ယမန်နေ့က မြို့နယ်စည်ပင်သာယာရေး ရုံးရှေ့၌ ဆောင်ရွက်ခဲ့သည်။
ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးဝင်းအောင်သူနှင့် ဝန်ထမ်းများက အနှေးယာဥ်များအား ရှေ့/နောက် ရောင်ပြန်စတစ်ကာ နမူနာတပ်ဆင်ပေးခြင်းနှင့် တပ်ဆင်အသုံးပြုစေရေး အသိပညာပေး ကြပ်မတ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)