အိမ်မဲ စက်တင်ဘာ ၅
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံးဝန်းအတွင်း၌ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ ဦးစီး၍ လယ်ပေါ်ပိုင်းရပ်ကွက်မှ ပုံမှန်ဝင်ငွေမရှိသော အိမ်ထောင်စု (၁၅၀)အား ဆန်နှင့်စားသောက်ကုန်ပစ္စည်းများကို စျေးနှုန်းချိုသာစွာဖြင့် ယနေ့နံနက် ၉ နာရီတွင် စတင်ရောင်ချပေးလျက်ရှိကြောင်း သိရသည်။
ယင်းလုပ်ငန်းများကို အိမ်မဲမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ ဦးဆောင်၍ မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ ခလရ (၆၃)နှင့် ကြက်ခြေနီတပ်ဖွဲ့ဝင်များမှ ဆန် (၁)ပြည်လျှင် (၁၅၀၀)ကျပ်၊ ဆီ (၁၀)ကျပ်သားလျှင် (၁၀၀၀)ကျပ်၊ ကြက်ဥ (၁)လုံးလျှင် (၁၅၀)ကျပ်၊ အိုင်အိုဒင်းဆား (၁)ထုပ်လျှင် (၃၀၀)ကျပ်နှုန်းနှင့် တပ်မတော်စက်ရုံမှ ထုတ်လုပ်သောပစ္စည်းများအား အိမ်မဲမြို့နယ် လယ်ပေါ်ပိုင်းရပ်ကွက်မှ ပုံမှန်ဝင်ငွေမရှိသော အိမ်ထောင်စု (၁၅၀)အား စျေးနှုန်းချိုသာစွာဖြင့် ရောင်းချပေးခဲ့ ကြောင်း သိရသည်။
စျေးနှုန်းချိုသာစွာဖြင့် ဆန်နှင့်စားသောက်ကုန်စ္စည်းများအား စက်တင်ဘာလ (၅)ရက်နေ့မှ (၁၄)ရက်နေ့ထိ ပုံမှန်ဝင်ငွေမရှိသော အိမိထောင်စု (၁၅၀၀)အား ၁၀ ရက်ကြာ ရောင်းချပေးသွားမည်ဖြစ်ကြောင်း မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ထံမှ သိရသည်။
“ကျွန်မတို့က လယ်ပေါ်ပိုင်းရပ်ကွက်ကပါ။ ဆန် (၁)ပြည်ကို အပြင်မှာ ၁၇၀၀၊ ၁၈၀၀၊ ကြက်ဥတစ်လုံးကို (၁၉၀)ကျပ်၊ ဆီတစ်ဆယ်သားကို ၁၂၀၀ ကျပ်လောက်အထိ စျေးပေါက်ပါတယ်။ ယခုလိုတာဝန်ရှိတဲ့သူတွေက စျေးနှုန်းသက်သာစွာနဲ့ ရောင်းချပေးတဲ့အတွက် တာဝန်ရှိတဲ့သူအကုန်လုံးကို ကျေးဇူးတင်ပါတယ်လို့” လယ်ပေါ်ရပ်ကွက်မှ ပြည်သူတစ်ဦးကပြောသည်။
ချစ်သက်လယ်(အိမ်မဲ)