ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ၌ မြို့နယ်စာရေးဆရာအသင်း အစည်းအဝေးကျင်းပ

ဒဂုံတောင် စက်တင်ဘာ  

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Centre)၌ ယမန်နေ့မွန်းလွဲ ၁ နာရီက မြို့နယ်စာရေးဆရာအသင်း လစဉ်ပုံမှန် အစည်းအဝေးကျင်းပ ဆောင်ရွက်ကြောင်းသိရသည်။

အဆိုပါအစည်းအဝေးတွင် မြို့နယ်စာရေးဆရာအသင်းအတွင်းရေးမှူး သက်ဝေမောင်က  အခမ်းအနားမှူးအဖြစ်ဆောင်ရွက်၍ အသစ်ဝင်ရောက်လာသည့် အသင်းဝင်များနှင့် အသင်းသားများအား မိတ်ဆက်ပေးပြီး  ဥက္ကဋ္ဌစာရေးဆရာနေစိုးသော်က ​မြို့နယ်စာရေးဆရာအသင်း၏ သက်ကြီးစာပေ ပညာရှင်များအား ပူဇော်ကန်တော့ရေး ကန့်တော့ခံဆရာ၊ ဆရာမကြီးများအတွက် ကန့်တော့မည့် ပူဇော်ငွေထိုက်ထိုက်တန် တန်ဖြစ်စေရေး၊ အသင်းရန်ပုံငွေတိုးပွားရေးများစသည်တို့ကို ဆွေးနွေးရာ အသင်းဝင်များက  သက်ကြီးပူဇော်ပွဲအတွက် ရန်ပုံငွေထူထောင်ရေး၊ အသင်းရန်ပုံငွေတိုးပွားရေးများအား ရင်းရင်းနှီးနှီးညှိနှိုင်းဆွေးနွေးကြကာ သက်ကြီးပူဇော်ပွဲအား လာမည့်အောက်တိုဘာ ၂ ရက်နေ့တွင် ကျင်းပရန်ဆုံးဖြတ်ကြပြီး  မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ပြသထားသော မျောက်ကျောက်ရောဂါကာကွယ်ရေး အသိပညာပေးနှင့် ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး အသိပညာပေးနံရံကပ်စာစောင်များအား စိတ်ပါဝင်စားစွာ ကြည့်ရှုကြသည်။

သန်းသန်းအေး