ကိုကိုးကျွန်းမြို့နယ်တွင် သက်ကြီးဘိုးဘွားများအား ကျန်းမာရေးစောင့်ရှောက်မှုပေး

ကိုကိုးကျွန်း စက်တင်ဘာ

ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင်၊ ကိုကိုးကျွန်းမြို့နယ်တွင် ယနေ့နံနက် ၉:၀၀ရီအချိန်၌ ကိုကိုးကျွန်းမြို့နယ် ပြည်သူ့ဆေးရုံတွင် သက်ကြီးဘိုးဘွားများအား အခမဲ့ကျန်းမာရေး စစ်ဆေးပေးခဲ့ကြောင်းသိရသည်။

ထိုသို့ ကျန်းမာရေးစစ်ဆေးပေးခဲ့ရာတွင် ကိုကိုးကျွန်းမြို့နယ်ဆေးရုံမှ ဒေါက်တာဒေါ်မို့မို့ကျော်ဦးဆောင်၍ တပ်မတော်မှဆရာဝန်များ သူနာပြုများအခြားအဆင့်ကျန်းမာရေးဝန်ထမ်းများက သက်ကြီးဘိုးဘွားများကို သွေးတိုးရောဂါနှလုံးရောဂါ ဆီးချိုရောဂါ၊ ကျောက်ကပ်ရောဂါနှင့် အခြားရောဂါများကိုပါ စမ်းသပ်ပေးပြီး ရောဂါအလိုက် လိုအပ်သည့်အားဆေးနှင့် အခြားလိုအပ်သည့် ဆေးဝါးများကို အခမဲ့ပံ့ပိုးပေးခဲ့ကြောင်း သိရသည်။

အဆိုပါသက်ကြီးဘိုးဘွားများအား အခမဲ့ကျန်းမာရေးစစ်ဆေးနေမူများကို မြိုနယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ ဦးဆန်းမင်းနှင့်စီမံအဖွဲ့ဝင်များက လာရောက်ကြည့်ရှုအားပေးပြီး လိုအပ်သည်များအား ကူညီဆောင်ရွက်ပေးခဲ့ကြောင်းနှင့် သက်ကြီးဘိုးဘွားများအား ကျန်းမာရေးစစ်ဆေးပေးခြင်းကို လစဉ်ပုံမှန်ဆောင်ရွက်သွားမည် ဖြစ်ကြောင်းသိရသည်။

ကိုကိုးကျွန်း (ပြန်/ဆက်)