မွန်ပြည်နယ် ၀န်ကြီးချုပ် အားကစားဥယျာဉ်ရှိ အားကစားရုံ (၂၀၀ ပေ × ၁၃၀ ပေ) အဆောက်အဦး ပန္နက်တော်တင် မင်္ဂလာအခမ်းအနား တက်ရောက်

မော်လမြိုင် စက်တင်ဘာ ၆

မွန်ပြည်နယ် အားကစားဥယျာဉ်ရှိ အားကစားရုံ (၂၀၀ ပေ × ၁၃၀ ပေ) အဆောက်အဦး ပန္နက်တော်တင် မင်္ဂလာအခမ်းအနားကို ၂၀၂၂ ခုနှစ်၊ ယမန်​နေ့ နံနက်ပိုင်းက ​မော်လမြိုင်မြို့နယ်၊ မင်းရွာ​ကျေးရွာ၊ ပြည်နယ်အားကစားဥယျာဉ်၌ ကျင်းပရာ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦး​ဇော်လင်းထွန်း၊ အရှေ့တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် မြတ်သက်ဦး၊ ပြည်နယ်ဝန်ကြီးများ၊ ဌာနဆိုင်ရာ အကြီးအကဲများ တက်ရောက်ခဲ့‌ကြောင်း သိရသည်။

ရှေးဦးစွာ စီမံကိန်းရှင်းလင်း​ဆောင်တွင် အားကစားရုံ (၂၀၀ ပေ × ၁၃၀ ပေ) အဆောက်အဦးနှင့် ဆက်စပ်လုပ်ငန်းများ တည်ဆောက်ခြင်းလုပ်ငန်းနှင့် ပတ်သက်၍ တာဝန်ရှိသူမှ ရှင်းလင်း တင်ပြမှုအ​ပေါ် ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်သည်များကို လမ်းညွှန်မှာကြားကာ ပန္နက်​တော်တင်ရန် သတ်မှတ်​နေရာများတွင် အသီးသီး​နေရာယူကြပြီး မွန်ပြည်နယ် ၀န်ကြီးချုပ် ဦးဇော်လင်းထွန်း၊ အရှေ့တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် မြတ်သက်ဦးနှင့် ပြည်နယ်အစိုးအဖွဲ့၀င် ၀န်ကြီးများက မင်္ဂလာအချိန်တွင် ပန္နက်​တော်တင်၍ အ​မွေးနံသာရည်များ ပက်ဖျန်း​ပေးခဲ့သည်။

မွန်ပြည်နယ် အားကစားဥယျာဉ်ရှိ အားကစားရုံ (၂၀၀ ပေ × ၁၃၀ ပေ) အဆောက်အဦးကို (၂ဝ၂၂-၂၀၂၃) ဘဏ္ဍာရေးနှစ်တွင် ခွင့်ပြုရန်ပုံ​ငွေ ကျပ်သန်း (၁၄၉၂.၀) ဖြင့် အားကစားနှင့် လူငယ်​ရေးရာဝန်ကြီးဌာနမှ လုပ်ငန်းအပ်နှံ​ဆောင်ရွက်ခြင်းဖြစ်​ပြီး အားကစားနည်း (၁၇) မျိုးကို ပြည်နယ်အတွင်း ကျင်းပနိုင်မည်ဖြစ်ကြောင်း သိရသည်။

ခင်စန်းမြင့် (ခရိုင်ပြန်/ဆက်)