ကျိုင်းလပ် စက်တင်ဘာ ၆
ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ ကျိုင်းလပ်မြို့၌ (၅၈)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ကျိုင်းလပ်နယ်မြေရဲစခန်းမှ စုပေါင်းသန့်ရှင်းရေး လုပ်ငန်းများ ပြုလုပ်ခြင်းကို ယနေ့နံနက် ၈ နာရီက အမှတ် (၃)ရပ်ကွက်၊ ဝမ်ကျင်းတောင်တန်း သာသနာပြုဘုန်းကြီးကျောင်းဝန်းအတွင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
၂၀၂၂ ခုနှစ်၊ အောက်တိုဘာလ ၁ ရက်နေ့တွင် ကျရောက်မည့် (၅၈)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ကျိုင်းလပ်မြို့ရှိ အမြန်သွားကင်းလှည့်ရေယာဉ် ၁၆၂ မှ ရဲမှူး နိုင်ထွန်းလှိုင် ဦးစီးသော ရဲတပ်ဖွဲ့ဝင်များ၊ ကျိုင်းလပ်နယ်မြေရဲစခန်းမှ ဒုရဲမှူး သက်နိုင်ဦး ဦးစီးသော ရဲတပ်ဖွဲ့ဝင်များက ဘုန်းကြီးကျောင်းဝန်းအတွင်းရှိ ပေါက်ရောက်နေသော သစ်ပင်ချုံနွယ် ပေါင်းမြက်များ ခုတ်ထွင်ရှင်းလင်းခြင်းနှင့် သစ်ရွက်ခြောက်၊ အမှိုက်သရိုက်များအား လှဲကျင်း သန့်ရှင်းပေးခြင်းများ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ကျော်ဇေယျာလင်း (ပြန်/ဆက်)