ပခုက္ကူမြို့၌ အပြည်ပြည်ဆိုင်ရာ သန့်ရှင်းသောလေထုနေ့ အထိမ်းအမှတ်ဟောပြောပွဲကျင်းပ

ပခုက္ကူ စက်တင်ဘာ ၈

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့၌ ၂၀၂၂ခုနှစ်၊ အပြည်ပြည်ဆိုင်ရာသန့်ရှင်းသော လေထုနေ့ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် ယမန်နေ့ နံနက် ၉နာရီက အမှတ်(၅)အခြေခံပညာအထက်တန်းကျောင်းတွင် အထိမ်းအမှတ်ဟောပြောပွဲ ကျင်းပပြုလုပ်သည်။

ဟောပြောပွဲတွင် ပခုက္ကူခရိုင်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဦးနေသူအောင်က အပြည်ပြည်ဆိုင်ရာ သန့်ရှင်းသောလေထုနေ့ (International Day of Clean Air For Blue Skies)ဖြစ်ပေါ်လာပုံ၊ ၂၀၁၉ခုနှစ်တွင် ကျင်းပပြုလုပ်ခဲ့သည့် (၇၄)ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံ၏ ဆုံးဖြတ်ချက်၊ (၇၄/၂၀၁၉)အရ လေထုညစ်ညမ်းမှုကို ဖြစ်ပေါ်စေသည့်အကြောင်းရင်းများ၊ လေထုညစ်ညမ်းမှုအမျိုးအစားများ၊ လေထုညစ်ညမ်းမှုကြောင့် ဖြစ်ပေါ်လာနိုင်သည့် ကျန်းမာရေးဆိုင်ရာဆိုးကျိုးများ၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် လေထုညစ်ညမ်းမှုတို့အတွက် လိုက်နာရမည့်အချက်များ၊ ကြွပ်ကြွပ်အိတ်များ လျော့ချအသုံးပြုရေးနှင့် စနစ်တကျ အမှိုက်စွန့်ပစ်နည်းများအကြောင်းတို့ကို ရှင်းလင်းဟောပြောပြီး ကျောင်းအတွက် အမှိုက်ပုံးများ လှူဒါန်းခြင်း၊ အထိမ်းအမှတ်ပစ္စည်းများ ပေးအပ်ခြင်းများ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။  

ဘာမီသာ(ပခုက္ကူ)