ကြံခင်းမြို့နေပြည်သူများ ကိုဗစ်-၁၉ မျိုးရိုးဗီဇပြောင်း အိုမီခရွန်ရောဂါ ကူးစက်မှုမှ ကာကွယ်ထိန်းချုပ်နိုင်ရန် Mask Campaign ပြုလုပ်

ကြံခင်း စက်တင်ဘာ ၈

ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့ နေပြည်သူများ ကိုဗစ်-၁၉ မျိုးရိုး ဗီဇပြောင်းအိုမီခရွန် ရောဂါ ကူးစက်မှုမှ ကာကွယ်ထိန်းချုပ်နိုင်ရန် Mask  Campaign ပြုလုပ်ခြင်းကို ယမန်နေ့ နံနက် (၉)နာရီအချိန် က မြို့မဈေးနှင့် ဗိုလ်ချုပ်လမ်းတစ်လျှောက် လူစည်ကားရာနေရာများတွင် အသိပညာပေး ဆောင်ရွက်ခဲ့ကြ သည်။

အဆိုပါ Mask Campaign ဆောင်ရွက်ရာတွင် မြို့နယ်အဆင့် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေးကော်မတီဥက္ကဋ္ဌ ကြီးကြပ်မှုဖြင့် နှာခေါင်းစည်း "Mask" အခု (၂၀၀၀)ကို အခမဲ့‌ပေးဝေခဲ့ကြောင်းနှင့် ကူးစက်မြန် ကိုဗစ်-၁၉ မျိုးရိုးဗီဇပြောင်း အိုမီခရွန်ရောဂါသည် ပြည်တွင်းကူးစက်မှု ပြန်လည်ဖြစ်ပွားလာပြီဖြစ် သဖြင့် ကာကွယ်ထိန်းချုပ်နိုင်ရန် ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ်ရေး‌ သတ်မှတ်စည်းကမ်းချက်များနှင့် အညီ လိုက်နာကြရန်၊ ပြည်သူများ အိမ်အပြင်ထွက်ပါက မဖြစ်မနေ "Mask" တပ်ဆင်သွားလာရန် အသိပညာပေးခြင်း ဆောင်ရွက်ကြသည်။

ကြံခင်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီအဖွဲ့ မြို့နယ်အဆင့် ဌာနဆိုင်ရာအကြီးအကဲများ၊ ဝန်ထမ်းများ၊ အမျိုးသမီးရေးရာအဖွဲ့များ၊ မိခင်နှင့် ကလေးစောင့်ရှောက်ရေး အသင်းအဖွဲ့များ ပူးပေါင်းဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

 မြို့နယ်(ပြန်/ဆက်)