ဟင်္သာမြို့နယ်တွင် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း အသိပညာပေးလုပ်ငန်းများဆောင်ရွက်

ဟင်္သာတ စက်တင်ဘာ ၈

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဟင်္သာတမြို့နယ်တွင်းရှိ ပြည်သူများယာဉ်အန္တရာယ် လမ်းအန္တရာယ် ကင်းရှင်းစေရန် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း အသိပညာပေးခြင်းနှင့် စစ်ဆေးခြင်းများကို ယမန်နေ့ နံနက်(၉)နာရီအချိန်က ဟင်္သာတမြို့ဝင် လယ်တော်စစ်ဆေးရေး ဂိတ်နှင့် လယ်တီကွင်းရပ် မြို့ဝင်ဂိတ်များ၊  မြို့တွင်းလမ်းဆုံများနှင့် လူစည်ကားရာနေရာများ တွင် ဆောင်ရွက်ခဲ့သည်။

အဆိုပါ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း အသိပညာပေးခြင်းကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ အဖွဲ့ဝင်(၁) ဗိုလ်မှူး ကျော်စွာထွန်း၊ အတွင်းရေးမှူး မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး ရဲထွဋ်အောင်နှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာ များ၊ အမှတ် ၈၄ ယာဉ်ထိန်းရဲတပ်ဖွဲ့ဝင်များက ပူးပေါင်းဆောင်ရွက်ကြသည်။

ယာဉ်အန္တရာယ်ကင်းစင်စေရန် ဆိုင်ကယ်စီးပြည်သူများအား ဆိုင်ကယ်ဦးထုပ်အား စနစ်တကျ မေးသိုင်းကြိုး တပ်စီးရန်၊ အရည်အသွေးပြည့်မှီသည့် ဆိုင်ကယ်ဦးထုပ်ဆောင်းရန်၊ အသက်(၁၈) နှစ် မပြည့်သေးသူများ မော်တော်ဆိုင်ကယ် မောင်းနှင်းခြင်းမပြုရန်၊ ဆိုင်ကယ်တစ်စီးလျှင် လူ(၃)ဦးမစီးရန်နှင့် ခရီးသည်တင်ယာဉ်နှင့် ကုန်တင်ယာဉ်မောင်းများအနေဖြင့် သတ်မှတ် စည်းကမ်းချက်များအတိုင်း စနစ်တကျပြေးဆွဲကြရန်နှင့် လိုက်နာမှုမရှိပါက မော်တော်ယာဉ် စီမံခန့်ခွဲမှုဥပဒေနှင့်အညီ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း အသိ ပညာပေးခြင်း၊ မြို့တွင်းမြို့ပြင် လုံခြုံရေးအတွက် တာဝန်ရှိသူများက စနစ်တကျ ကြပ်မတ်စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ကြ​သည်။

ဟင်္သာတမြို့နယ်အနေနှင့် မော်တော်ဆိုင်ကယ်စီးနင်းသူများနှင့် ယာဉ်မောင်းသူများ လိုက်နာရမည့် အချက်များ အား အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခြင်းနှင့် မော်တော်ဆိုင်ကယ် မောင်းနှင်သူပြည်သူ များအား နေ့စဉ်ပညာပေးခြင်းကို ဆောင်ရွက်ပေးလျက်ရှိကြောင်း ယာဉ်ထိန်းတပ်ဖွဲ့တာဝန်ရှိသူထံက သိရ သည်။

ကိုဇော် -ဟင်္သာတ