ဒဂုံမြို့သစ် (အရှေ့ပိုင်း)မြို့နယ်တွင် ကိုဗစ်(၁၉)ရောဂါ ကာကွယ်တားဆီးရေး အသိပညာပေး ဟောပြောပွဲကျင်းပ

ဒဂုံအရှေ့ စက်တင်ဘာ ၈

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ် (အရှေ့ပိုင်း)မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး နည်းလမ်းများကို သိရှိနိုင်စေရန်နှင့် ရောဂါဖြစ်ပွားမှုကို ကာကွယ် ထိန်းချုပ်နိုင်စေရန် ရည်ရွယ်၍ ကိုဗစ်-၁၉ ရောဂါ ကာကွယ်တားဆီးရေး အသိပညာပေး ဟောပြောပွဲကို အမှတ်(၆) အခြေခံပညာမူလတန်းလွန်ကျောင်းတွင် ယမန်နေ့ နံနက်ပိုင်း (၁၀) နာရီအချိန်က ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါ အသိပညာပေးဟောပြောပွဲတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးမျိုးသူက ကျောင်းသား၊ ကျောင်းသူများ ကိုဗစ်-၁၉ရောဂါ ကာကွယ်နိုင်ရန်နှာ ခေါင်းစည်းတပ်ဆင်ပြီးမှ ကျောင်းသို့ လာရောက်ရန်၊ ကျောင်းသား/သူများ၊ ဒေသခံပြည်သူများ ကာကွယ်ဆေး ထိုးနှံပေးမှု အခြေအနေ၊ မြို့နယ်အတွင်း နေအိမ်ပြင်ပသို့ ထွက်ခွာပါက နှာခေါင်းစည်း တပ်ဆင်ရေး လှုပ်ရှားဆောင်ရွက်မှုတို့ကို ဆွေးနွေးဟောပြောခဲ့ပြီးနောက်၊ မြို့နယ် ဆရာဝန်ကြီး ဒေါ်လဲ့လဲ့ဝင်းက ကိုဗစ်-၁၉‌ရောဂါ ကာကွယ်ရေး အသိပညာပေး‌ဗွီဒီယိုဖိုင်အား ဖွင့်လှစ်ပြသပေးခြင်း၊ လက်ဆေးနည်း အဆင့်ဆင့်နှင့် ရောဂါကာကွယ်ရမည့် နည်းလမ်းများအကြောင်း အသေးစိတ် ဆွေးနွေးဟောပြောခဲ့သည်။

ထို့နောက် ကိုဗစ်-၁၉ရောဂါ ကာကွယ်တားဆီးရေး အသိပညာပေးဟောပြောပွဲသို့ မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဒေသဖွံ့ဖြိုးတိုးတက်ရေး ဖွဲ့စည်းထားသော စစ်‌ကြောင်းကြီး(၅)ကြောင်းမှ အုပ်ချုပ်ရေး၊ ကျန်းမာရေး၊ ပညာရေးအဖွဲ့ ခေါင်းဆောင်နှင့် အဖွဲ့ဝင်များ၊ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိသည်။

ဝင်းအိမွန်(ပြန်/ဆက်)