တာမွေ စက်တင်ဘာ ၈
ပြန်ကြာရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရန်ကုန်အရှေ့ပိုင်းခရိုင်၊ တာမွေမြို့နယ်ရုံး လူထုအခြေပြုဗဟိုဌာန (Community Centre) ၌ အပြည်ပြည်ဆိုင်ရာသန့်ရှင်းသောလေထုနေ့ အထိမ်းအမှတ် လေထုညစ်ညမ်းမှုလျှော့ချရေး အသိပညာပေး Talk Show ကို ယမန်နေ့နေ့လယ် (၁:၀၀)နာရီအချိန်က ကျင်းပပြုလုပ်ခဲ့သည်။ အဆိုပါအသိပညာပေး Talk Show တွင် ပြန်ကြားရေး နှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်မို့မို့အောင် က လေထုညစ်ညမ်းမှုဖြစ်ပေါ်ရခြင်း ၏ အကြောင်းအရင်းများနှင့် ဆိုးကျိုးအန္တရာယ်များအကြောင်း၊ လေထုညစ်ညမ်းမှုလျှော့ချရေး နည်းလမ်းများ၊ လေထုညစ်ညမ်းမှုကြောင့် လူတို့၏ကျန်းမာရေးထိခိုက်မှုများအကြောင်းကို အသိပညာပေး ဆွေးနွေးခဲ့သည်။
တာမွေမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနသည် ပြည်သူအကျိုးပြု အသိပညာပေးလုပ်ငန်းများကို စဉ်ဆက်မပြတ်ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့တွင်လည်း လေထု ညစ်ညမ်းမှုကြောင့် ပြည်သူများ၏ကျန်းမာရေးကို ထိခိုက်စေနိုင်သော အကြောင်းအရာများနှင့် လေထုညစ်ညမ်းမှု ဖြစ်စေနိုင်သော အကြောင်းအရာများကို ပြည်သူများသိရှိရှောင်ရှားနိုင်စေရန်နှင့် လေထုညစ်ညမ်းမှုလျှော့ချရေး လုပ်ငန်းများတွင် ပူးပေါင်းပါဝင်ဆောင်ရွက်နိုင်စေရန်အတွက် အသိပညာပေး Talk Show ကို Online မှတစ်ဆင့် ထုတ်လွှင့်ပေးခြင်းဖြစ်ကြောင်း သိရသည်။
မို့မို့ (တာမွေ)