ဘီးလင်းမြို့နယ်၌ စာဖတ်ရှိန်​မြှင့်တင်ရေး အသိပညာပေး လုပ်ငန်းများဆောင်ရွက်

ဘီးလင်း စက်တင်ဘာ  ၈

ဘီးလင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနသည် ပညာရေးဌာနှင့်ပူး‌ပေါင်း၍ ယမန်နေ့ မွန်းလွဲ ၁နာရီက အ.မ.က(မြို့သစ်) ကျောင်း၌ စာဖတ်ရှိန်မြှင့်တင်ရေး  အသိပညာ​ပေးဟောပြောပွဲ၊ စာဖတ်စွမ်းရည်ပြိုင်ပွဲနှင့်နံရံကပ် စာစောင်ပြပွဲများကို  သွား​ရောက်ဆောင်ရွက်ခဲ့သည်။

အဆိုပါ အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် ဘီးလင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်အေးမျိုးမျိုးစံက စက်တင်ဘာ ၈ ရက်နေ့တွင်ကျရောက်မည့် နိုင်ငံတကာစာတတ်မြောက်ရေးနေ့ ပေါ်ပေါက်လာပုံနှင့်" ဗဟုသုတတိုးပွားရေး စာပေလေ့လာဖတ်ရှုပေး" ခေါင်းစဉ်ဖြင့် ပညာပေး  ဟောပြောခဲ့သည်။

ထို့နောက် လူကုန်ကူးမှုအန္တရာယ်အသိပညာပေး နံရံကပ်စာစောင် မူးယစ်ဆေးဝါးအန္တရာယ် အသိပညာပေးနံရံကပ် စာစောင်နှင့် ကလေးများအကြိုက် စာအုပ်၊ စာစောင်များကို ခင်းကျင်းပြသခဲ့ရာ ကျောင်းသား၊ ကျောင်းသူများက စိတ်ဝင်တစား ကြည့်ရှုလေ့လာ မှတ်သားခဲ့ကြသည်။ ဆက်လက်၍ ကျောင်းသား၊ ကျောင်းသူများ စာဖတ်စွမ်းရည်မြင့်မားရေးအတွက် ပုံပြင်ပြော ပြိုင်ပွဲနှင့်ကဗျာရွတ်ဆိုပြိုင်ပွဲများကို ပြုလုပ်ပေးခဲ့ပြီး ဆုများပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။

ထူးနောင် (ပြန်/ဆက်)