လွယ်ဂျယ် စက်တင်ဘာ ၈
ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ လွယ်ဂျယ်မြို့ပြန်ကြာရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီး ဌာနရုံးရှိ လူထုအခြေပြုဗဟိုဌာန(Community Centre)၌ စက်တင်ဘာ ၇ ရက် နံနက် ၉ နာရီခွဲက ဒဿမအကြိမ်မြောက် မြန်မာနိုင်ငံလူကုန်ကူးမှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အကြို စာစီစာကုံး ပြိုင်ပွဲကျင်းပသည်။
အဆိုပါ စာစီစာကုံးပြိုင်ပွဲတွင် လွယ်ဂျယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးမှူး ဦးထွန်းထွန်းနိုင်က ပြိုင်ပွဲကျင်းပရခြင်းအကြောင်းကို ရှင်းလင်းပြောကြားပြီး ပြိုင်ပွဲကို ကျင်းပသည်။ ယင်းပြိုင်ပွဲတွင် အခြေခံပညာအထက်တန်းကျောင်းလွယ်ဂျယ်မှ အလယ်တန်း အဆင့် ကျောင်းသားကျောင်းသူ(၈)ဦးနှင့် အထက်တန်းအဆင့် ကျောင်းသား ကျောင်းသူ (၁၄)ဦးတို့က “လူကုန်ကူးမှုတိုက်ဖျက်ဖို့ နည်းပညာကဏ္ဍမြှင့်တင်လုပ်ဆောင်စို့” ခေါင်းစဉ်ဖြင့် ဝင်ရောက် ယှဉ်ပြိုင်ကြရာ လွယ်ဂျယ်မြို့ အုပ်ချုပ်ရေးမှူး ဦးယဉ်မင်းထွန်း၊ လူကုန်ကူးမှုတားဆီး နှိမ်နှင်းရေး ရဲတပ်ဖွဲ့မှတပ်ဖွဲ့စိတ်မှူး ဒုရဲမှူးအောင်လှိုင်နှင့်တပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း၊ အမျိုးသမီးရေးရာအဖွဲ့ဝင်များတို့က ကြည့်ရှုအားပေး ခဲ့ကြသည်။
ထို့နောက် လွယ်ဂျယ်မြို့ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ခင်းကျင်းပြသ ထားသည့် လူကုန်ကူးမှုတိုက်ဖျက်ရေးနှင့်ပတ်သက်သည့် အသိပညာပေး နံရံကပ် စာစောင်များ၊ ဓာတ်ပုံမှတ်တမ်းများကို တက်ရောက်လာသူများက စိတ်ဝင်တစားကြည့်ရှုခဲ့ကြသည်။
အဆိုပါပြိုင်ပွဲတွင် ဆုရရှိသည့် ကျောင်းသားကျောင်းသူများအား ၂၀၂၂ ခုနှစ်၊ စက်တင်ဘာလ (၁၃)ရက်နေ့၌ ကျရောက်မည့် ဒသမအကြိမ်မြောက် မြန်မာနိုင်ငံလူကုန်ကူးမှု တိုက်ဖျက်ရေးနေ့ အခမ်းအနားတွင်ဆုများကို အသီးသီးပေးအပ်ချီးမြှင့်သွားမည်ဖြစ်ကြောင်း သိရသည်။
လွယ်ဂျယ်(ပြန်/ဆက်)