မှော်ဘီမြို့နယ်တွင်  ဒေသဖွံ့ဖြိုးရေးစစ်ကြောင်းကြီး(၅)ကြောင်း ကွင်းဆင်းတွေ့စုံပွဲကျင်းပ

မှော်ဘီ စက်တင်ဘာ  ၈

ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီခရိုင် မှော်ဘီမြို့နယ်အတွင်း လုံခြုံရေး၊ တရားဉပဒေစိုးမိုးရေး၊ ရပ်ရွာအေးချမ်းသာယာရေး၊ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ အတွက် ယမန်နေ့ နံနက် ၁၀ နာရီအချိန်က မြို့နယ်အဆင့်ဌာနဆိုင်ရာများ ပါဝင်သော စစ်ကြောင်းကြီး ၅ ကြောင်းဖြင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုသို့ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်ရာတွင် မှော်ဘီမြို့နယ် မင်းရွာ၊ ကံကုန်းကျောင်းတိုက် ဓမ္မအလင်းရောင် ဓမ္မာရုံ၌ မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် (၂) ဦး ဝင်းစိုးမှ အဖွင့်အမှာစကားပြော​ကြား၍ စစ်ကြောင်းကြီး(၅)ကြောင်းတွင် ပါဝင်သော ဌာနဆိုင်ရာဝန်ထမ်းများနှင့် မိတ်ဆက်ပေးပြီး နိုင်ငံရေးစစ်ကြောင်းမှ မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဝင်(၁) ဗိုလ်မှူးပြည့်စုံကျော်က နိုင်ငံတော်က ချမှတ်ထားသည့် မူဝါဒလမ်းစဉ်နှင့် ဒို့တာဝန်အရေးသုံးပါးကို မမေ့ရန်ပြောကြားခြင်း၊ ရဲမှူးမြင့်အောင်မှ ကာကွယ်ရေးနှင့် လုံခြုံရေးဆိုင်ရာများ အသိပညာပေးဆွေးနွေးခြင်း၊ အုပ်ချုပ်ရေး စစ်ကြောင်း အဖွဲ့ခေါင်းဆောင် မြို့နယ် အထွေထွေအုပ်ချုပ်ရေးဉီးစီးဌာနမှ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌဉီးဖြိုးအောင်ကြည်က လူမူရေးဆိုင်ရာ အသိပညာပေးဆွေးနွေး​ပြောကြားခြင်း၊ လူမူရေးစစ်ကြောင်းမှ ဒေါက်တာ စောမြထွန်းမှ ကိုဗစ်-၁၉ ရောဂါနှင့် Mask နှာခေါင်းစီးတပ်ရန် ဆေးထိုးပြီး (၆)လပြည့်တိုင်း ပြန်လည်ထိုးရန်မှာကြားခြင်း၊ ဒေသဖွံ့ဖြိုးရေးစစ်ကြောင်းမှ အငယ်တန်းအင်ဂျင်နီယာ (၂) ဒေါ်ဂျုလှိုင်က ကျေးလက်လမ်း၊ တံတားများ ဖွံ့ဖြိုးရေးမျာတိုးတက်ရေး ရှင်းလင်းပြောကြား ခဲ့သည်။

ဆက်လက်၍ ကျေးရွာသူ၊ ကျေးရွာသားများ၏ သိရှိလိုသည်များကို  ဌာနဆိုင်ရာ တာဝန်ရှိသူများက မေးမြန်းရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဉီးဖြိုးအောင်ကြည်မှ မိမိတို့တင်ပြသည့် အချက်အလက်များကို ပံ့ပိုးကူညီဆောင်ရွက်ပေးသွားမည်ဖြစ်​​ကြောင်း ဆွေးနွေးပြောကြားခဲ့ကြောင်း သိရသည်။

ဝင်းဇော်  (ပြန် / ဆက်)