ဓနုဖြူ စက်တင်ဘာ ၈
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ်တွင် မြို့နယ်ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေးကော်မတီဝင်များ၊ သက်ဆိုင်ရာဌာနများ၊ လူမှုရေးအသင်း အဖွဲ့များပူးပေါင်း၍ Mask Campaign ပြုလုပ်ခြင်းနှင့် ယာဉ်အန္တရယ် ကင်းရှင်းရေး၊ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း အသိပညာပေးဆောင်ရွက်ခြင်းကို ယနေ့ စက်တင်ဘာ လ ၇ ရက်နေ့ နံနက် ၇နာရီအချိန်မှစ၍ မီးသတ်ဂုံးနှင့် မြို့မဈေးတွင် ပြုလုပ်ခဲ့သည်။
ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယမြို့နယ် အုပ်ချုပ်ရေးမှူးဦးချစ်ဝေအောင်၊ မြို့မစခန်းမှူး ဒုရဲမှူးအောင်ဌေးနှင့် တပ်ဖွဲ့ဝင်များ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ မြို့နယ်(ပြန်/ဆက်)၊ မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများက ဓနုဖြူမြို့နယ်အတွင်း ရှိလူစည်ကားရာနေရာ များဖြစ်သည့် လမ်းဆုံလမ်းခွများ၊ ကားဂိတ်၊ ဂွန်ဒေါင်းဂိတ်၊ ရေယာဉ်ဆိပ်နှင့် မြို့မဈေးရှိ ဈေးရောင်း ချသူများ၊ဈေးဝယ်သူများ၊ လမ်းသွားလမ်းလာများအား နှာခေါင်းစည်း (Mask) တပ်ဆင် ထားခြင်းမရှိပါက တစ်ခါသုံးနှာခေါင်းစည်း(Mask)များကို အခမဲ့ဖြန့်ဝေပေးခဲ့ကြသည်။ ထို့နောက်မြို့နယ်အတွင်းသို့ ဝင်ထွက်သွားလာနေသော မော်တော်ဆိုင် ကယ် စီးနင်းနေသူ များအား မော်တော်ဆိုင်ကယ်စီးနင်းပါက ဦးထုပ်ဆောင်းရန်၊ မေးသိုင်းကြိုးတပ်ဆင်ရန်၊ နှစ်ဦးထက်ပို၍ စီးနင်းခြင်းမပြုရန်၊ ပြည်သူများ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းများ လိုက်နာစေရေး အသိပညာပေးဆောင်ရွက်ခဲ့ကြောင်းသိရသည်။
မြို့နယ်(ပြန်/ဆက်)