ငါန်းဇွန် စက်တင်ဘာ ၈
မန္တလေးတိုင်းဒေသကြီး ငါန်းဇွန်မြို့နယ်တွင် အသက် (၁၈) နှစ် ပြည့်ပြီးသူများအားလုံးကို ရာနှုန်းပြည့်ထိုးနှံနိုင်ရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ကြီးကြပ်မှုဖြင့် မြို့နယ် ကာကွယ်ဆေးထိုးကွင်းဆင်းအဖွဲ့များက ဩဂုတ် ၁၅ ရက်နေ့မှစ၍ မြို့နယ်အတွင်း ဇုံနယ်မြေ အလိုက် ကျေးရွာများအရောက်ကွင်းဆင်း၍ ကိုဗစ်-၁၉ ရောဂါ ထပ်ဆောင်းကာကွယ်ဆေး (Booster Dose) ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
ထိုသို့ ကိုဗစ်-၁၉ရောဂါ ထပ်ဆောင်းကာကွယ်ဆေး (Booster Dose) ဆက်လက်ထိုးနှံပေးရာတွင် ယမန်နေ့ နံနက် ၉ နာရီမှစ၍ မြို့မဇုံ၊ ခြင်္သေ့လက်ဇုံနှင့်ဂျိုဇုံတို့မှ စုစုပေါင်း (၁၀၃၀) ဦး ထိုးနှံပေးခဲ့ရာ ဩဂုတ် ၁၅ ရက်နေ့မှ စက်တင်ဘာ ၇ ရက်နေ့အထိ ငါန်းဇွန်မြို့နယ်အတွင်း စုစုပေါင်း (၁၄၀၄၄) ဦး ထိုးနှံပြီးကြောင်း မြို့နယ် Coronavirus Disease 2019 (COVID-19) ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေးလုပ်ငန်းကော်မတီထံမှ သိရသည်။
သက်နောင်ဦး(ငါန်းဇွန်)