ကျောက်တံခါး စက်တင်ဘာ ၈
ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ကျောက်တံခါးမြို့နယ်တွင် အခြေခံပညာကျောင်းများရှိ အသက်(၁၂)နှစ်မှအထက် ကျောင်းသားကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးတတိယအကြိမ် (Booster Dose) ထိုးနှံခြင်းကို အခြေခံပညာအထက်တန်း (ကျောက်တံခါး) ပတ္တမြှားခန်းမ၌ ယနေ့နံနက် ၉နာရီ အချိန်မှစတင်၍ ဆက်လက်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
ထိုသို့ကာကွယ်ဆေးထိုးနှံရာတွင် (ဒုတိယအကြိမ်) ကိုဗစ်–၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပြီး (၆)လပြည့်ပြီးသည့် ကျောက်တံခါးမြို့ပေါ်ရှိ အခြေခံပညာကျောင်းများမှ အသက်(၁၂)နှစ်နှင့်အထက် ကျောင်းသားကျောင်းသူအား (တတိယအကြိမ်) Booster Doseကို ထိုးနှံပေးခြင်းဖြစ်သည်။ မြို့နယ်ပြည်သူ့ကျန်းမာရေးဝန်ထမ်းများနှင့် ဆရာ/ဆရာမများက ကာကွယ်ဆေးမထိုးနှံမီ ကာကွယ်ဆေး လာရောက်ထိုးနှံကြသည့် ကျောင်းသား/ကျောင်းသူများကို စာရင်းရေးသွင်းခြင်း၊ အပူချိန်တိုင်းတာခြင်းတို့ကို ဆောင်ရွက်ပေးပြီး ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး စည်းကမ်းချက်များနှင့်အညီ ကျောင်းသား/ကျောင်းသူများအား ထိုးနှံပေးခဲ့ကြောင်း သိရသည်။
အဆိုပါ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပေးခြင်းကို မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာရေးဝန်ထမ်းများ၊ ကျောင်းအုပ်ဆရာမကြီးနှင့် ဆရာ/ဆရာမများ၊ တာဝန်ရှိသူများက လိုအပ်သည်များကို ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)