လှိုင် စက်တင်ဘာ ၈
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အနောက်ပိုင်းခရိုင်၊ လှိုင်မြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရန်အတွက် အသက်(၁၈)နှစ်နှင့်အထက် ပြည်သူများအား လှိုင်မြို့နယ် အမှတ်(၁၂)ရပ်ကွက်၊ ကိုဗစ်-၁၉ ကုသရေးစင်တာတွင် ပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးဆက်လက်ထိုးနှံပေးလျက်ရှိရာ ယနေ့နံနက် ၉နာရီအချိန် က အသက်(၁၈)နှစ်နှင့် အထက်ရှိသူများအား ကာကွယ်ဆေး ထိုးနှံသူစုစုပေါင်း (၂၄၂)ဦးရှိကြောင်း သိရသည်။
လှိုင်မြို့နယ် ကိုဗစ် -၁၉ ရောဂါ ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေး လုပ်ငန်းကော်မတီ၏ ကြီးကြပ်မှုဖြင့် သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် စာရေးဝန်ထမ်းများ၊ ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များနှင့် ကြက်ခြေနီတပ်ဖွဲ့ဝင်များက ကာကွယ်ဆေးထိုးနှံရန် လာရောက်ကြသော အသက်(၁၈)နှစ်နှင့်အထက် ပြည်သူများလူစုလူဝေး မဖြစ်ပေါ်စေရေး၊ သွားလာရေးအဆင်ပြေစေရန် ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသောစည်းကမ်းချက်များနှင့် အညီဆောင်ရွက်လျှက်ရှိကြောင်း သိရသည်။
ကျော်ရဲအောင်(ပြန်/ဆက်)