ချောင်းသာမြို့ ကံကြီးကျေးရွာအုပ်စု၌ ဌာနဆိုင်ရာပူးပေါင်းအဖွဲ့မှ ရပ်ရွာအေးချမ်းသာယာရေး နှင့် ဒေသဖွံဖြိုးရေးလုပ်ငန်းများကွင်းဆင်းဆောင်ရွက်

ချောင်းသာ စက်တင်ဘာ ၈

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ချောင်းသာမြို့၊ ကံကြီးကျေးရွာအုပ်စုအတွင်း၌ လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေးနှင့် ရပ်ရွာအေးချမ်းသာယာရေးအတွက် မြို့အဆင့်ဌာန ဆိုင်ရာ များပါဝင်သော စစ်ကြောင်းကြီး(၅)ကြောင်းနှင့် ဒေသခံပြည်သူများ တွေ့ဆုံပွဲကို ယမန်နေ့နံနက် ၁၀ နာရီ ၃၀ မိနစ်က ကံကြီးကျေးရွာ ဓမ္မရက္ခိတဓမ္မာရုံတွင် ပြုလုပ် ခဲ့ကြောင်းသိရသည်။

အဆိုပါဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအတွက် ဒေသခံပြည်သူများနှင့် တွေ့ဆုံရာတွင် မြို့အုပ်ချုပ်ရေးမှူး ဦးသီဟအောင်၊ ကံကြီးတပ်စခန်းမှူးဗိုလ်ကြီး တင်မောင်ဝင်း၊ ချောင်းသာနယ် မြေရဲစခန်းမှူ ဒုရဲမှူးမျိုးဇော်မြင့်နှင့် ဌာနဆိုင်ရာအဖွဲ့များက လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊ ရပ်ရွာအေးချမ်းသာယာရေးနှင့် ဒေသဖွံ့ဖြိုးရေး ဆောင်ရွက်မှု အခြေအနေနှင့် ကဏ္ဍအလိုက် ပြည်သူ့ဝန်ဆောင်မှုနှင့် အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်ပေး နေမှုများကို ဆွေးနွေးကြသည်။

ထို့နောက် ကံကြီးကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူး ဦးမြင့်ထွန်းဦး၊ ကျေးရွာရာအိမ်မှူးများနှင့် ဒေသခံပြည်သူများက ဒေသအတွင်း ပညာရေး၊ ကျန်းမာရေး၊ လျှပ်စစ်မီးရရှိရေး၊ လမ်းပမ်း ဆက်သွယ်ရေး၊ စိုက်ပျိုးရေး၊ လူမှုစီးပွားဖွံဖြိုးရေးလုပ်ငန်းများ စသည့်ဒေသလိုအပ်ချက်များကို ဆွေးနွေးတင်ပြကြသည်။

အဆိုပါ လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေးနှင့် ရပ်ရွာအေးချမ်းသာယာရေးအတွက် မြို့အဆင့်ဌာန ဆိုင်ရာများပါဝင်သော စစ်ကြောင်းကြီး(၅)ကြောင်းနှင့် ဒေသခံပြည်သူများ တွေ့ဆုံပွဲသို့ ကံကြီးကျေးရွာ အုပ်စုအတွင်းရှိ ကံကြီး၊ ဦးတို၊ ဆိပ်ကြီး၊ ခြောက်ကောင်၊ ကညင်ကွင်း ကျေးရွာများမှ ဒေသခံပြည် သူများတက်ရောက်ခဲ့ပြီး ပြည်သူများ၏ တင်ပြချက်၊  လိုအပ်ချက်များကို သက်ဆိုင်ရာဌာနများက  ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရသည်။

ချောင်းသာ(ပြန်/ဆက်)