မြောင်းမြ စက်တင်ဘာ ၉
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ မြောင်းမြမြို့၌ ယာဉ်အန္တရာယ် လမ်းအန္တရာယ်ကင်းရှင်းရေး အသိပညာပေးဟောပြောပွဲကို အမှတ်(၈၁) ယာဉ်ထိန်းတပ်ဖွဲ့ (မြောင်းမြ)က ယမန်နေ့ နံနက် (၁၁)နာရီ အချိန်တွင် အ.ထ.က(၂)ကျောင်းတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ ဟောပြောပွဲတွင် အမှတ်(၈၁) ယာဉ်ထိန်းတပ်ဖွဲ့ (မြောင်းမြ)မှ ဒုတိယရဲမှူး ညီညီအောင်က ယာဉ်အန္တရာယ်ကင်းရှင်းရေး လမ်းအန္တရာယ်ကင်းရှင်းရေးအတွက် ကျောင်းသား၊ ကျောင်းသူများအနေဖြင့် လိုက်နာရမည့် စည်းကမ်းချက်များ၊ ရှောင်ရှားသင့်သည့် အချက်များ၊ ယာဉ်အန္တရာယ်ဖြစ်ပွားတတ်သည့် အခြေအနေများကို ပုံများနှင့်တကွ အသိပညာပေး ဟောပြောပြီး တပ်ကြပ်ကြီး ဇော်ဝင်းထွန်းက ယာဉ်လမ်း အချက်ပြပုံများကို လက်တွေ့သရုပ်ပြခဲ့ ကြောင်း သိရသည်။
အဆိုပါ ဟောပြောပွဲသို့ အ.ထ.က(၂)ကျောင်းမှ ကျောင်းသား၊ ကျောင်းသူ(၄၈၀)ဦး တက်ရောက် ခဲ့ကြောင်း သိရပြီး မြောင်းမြမြို့တွင် ယာဉ်အန္တရာယ် လမ်းအန္တရာယ်ကင်းရှင်းရေးအတွက် ဟောပြောပွဲများ၊ ကား၊ ဆိုင်ကယ်များကို စည်းကမ်းနှင့် အညီ မောင်းနှင်ရေး စစ်ဆေး၍ အသိပညာပေးခြင်းများကို ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။
မြောင်းမြခရိုင်(ပြန်/ဆက်)