ဇေယျာသီရိ စက်တင်ဘာ ၉
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇေယျာသီရိမြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါကာကွယ် ထိန်းချုပ်စေရန် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ ကြီးကြပ်၍ ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်စေရန် ယနေ့နံနက် ၈နာရီက လူစည်ကားရာနေရာများ၊ ဈေးများနှင့် ရန်ကုန်-မန္တလေးလမ်းဟောင်းပေါ်၌ Mask Campaign ပြုလုပ်ခဲ့သည်။
ထိုသို့ Mask Campaign ပြုလုပ်ရာတွင် ဒေသခံခရီးသွားများနှင့် ဈေးရောင်း/ ဈေးဝယ် ပြည်သူများအား ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ကိုဗစ်-၁၉ရောဂါ စည်းကမ်းချက်များနှင့်အညီ ပါးစပ်နှင့်နှာခေါင်းစည်း (Mask)ကို တပ်ဆင်စေရန်၊ ပြည်သူများ နေအိမ်ပြင်ပသို့ ထွက်ခွာသည့်အခါတိုင်း ပါးစပ်နှင့်နှာခေါင်းစည်း (Mask)ကို စနစ်တကျတပ်ဆင် သွားလာရန်နှင့် ကိုဗစ်-၁၉ ရောဂါ စည်းကမ်းချက်များနှင့်အညီ သွားလာနေထိုင်သည့် အလေ့ အကျင့်ကောင်းများ ဆက်လက်လိုက်နာဆောင် ရွက်စေရန်၊ ကိုဗစ်- ၁၉ ရောဂါကာကွယ်ဆေး အကြိမ်ပြည့်ထိုးနှံစေရန် အသိပညာပေးပြောကြားခြင်းနှင့် နှာခေါင်းစည်း(Mask) ၁၆၀၀ ကျော်ကို အခမဲ့ဖြန့်ဝေပေးခြင်း လုပ်ငန်းများအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ကျန်းမာရေးဝန်ထမ်းများ၊ ဌာနဆိုင်ရာများ၊ မြို့ပေါ်ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် လူမှုရေးအသင်းအဖွဲ့များ ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)