လယ်ဝေးမြို့နယ်ရုံး ကလေးစာဖတ်ခန်းတွင် ကျောင်းသား၊ကျောင်းသူလေးများ မြန်မာစာ သတ်ပုံပြိုင်ပွဲနှင့်ဆေးရောင်ခြယ်ပြိုင်ပွဲကျင်းပ

လယ်ဝေး စက်တင်ဘာ ၉

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် လယ်ဝေးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ကလေးစာဖတ်ခန်းတွင် ကျောင်းသား၊ ကျောင်းသူလေးများ အသိပညာ ဗဟုသုတများတိုးပွားပြီး လေ့လာမှတ်သားနိုင်မှုစွမ်းရည်များ ရရှိနိုင်စေရန်အတွက် မြန်မာစာသတ်ပုံပြိုင်ပွဲနှင့်ဆေးရောင်ခြယ်ပြိုင်ပွဲကို ယမန်နေ့ညနေပိုင်းက ကျင်းပခဲ့သည်။

ရှေးဦးစွာ လယ်ဝေးမြို့နယ် အခြေခံပညာမူလတန်းလွန်(ဗဟို)ကျောင်းမှ Grade-4 ကျောင်းသား၊ ကျောင်းသူ (၂၀)ဦးကို ဗဟုသုတများတိုးပွားစေနိုင်သည့် စာအုပ်များအား ဖတ်ရှုစေပြီး မြန်မာစာသတ်ပုံပြိုင်ပွဲနှင့် ဆေးရောင်ခြယ်ပြိုင်ပွဲကို ယှဉ်ပြိုင်စေသည်။ ထို့နောက် အကောင်းဆုံး ယှဉ်ပြိုင်နိုင်သူများအား မြို့နယ်ဦးစီးမှူး ဒေါ်ဝေကြည်စန်းအောင်နှင့်ဝန်ထမ်းများက ဆုများပေးအပ်ချီးမြှင့်ကြသည်။

လယ်ဝေး မြို့နယ်ရုံးအနေဖြင့် ကျောင်းသား၊ ကျောင်းသူလေးများ ဗလ(၅)တန်ဖြင့် ပြည့်စုံလာနိုင်စေရန်အတွက် အသိပညာဗဟုသုတမျာရရှိနိုင်မည့် ပြိုင်ပွဲအမျိုးမျိုးကို ဆက်လက်ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)